သြစတေးလျနိုင်ငံ ကောင်းကင်ယံ တိမ်အတွင်း စွတ်ကြောင်းရာကြီး ပေါ်ထွန်းခဲ့

သြစတေးလျနိုင်ငံ ကောင်းကင်ယံ တိမ်အတွင်း စွတ်ကြောင်းရာကြီး ပေါ်ထွန်းခဲ့
နိုဝင်ဘာ 5, 2014
By Tachileik News Agency

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃)ရက်နေ့က သြစတေးလျနိုင်ငံ ကောင်းကင်ယံ တိမ်တွေအတွင်းမှာ အရာဝတ္ထု တစ်ခုခုဖြတ်သွားတဲ့ စွတ်ကြောင်းရာကြီး ကောင်းကင်ယံမှာ ပေါ်ထွန်းခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

၎င်းစွတ်ကြောင်းရာကြီးဖြစ်ပေါ်လာခြင်းဟာ တိမ်ထုအတွင်း ရေခဲဖွဲ့သီစုစည်းမှု မြင့်မားခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်နိုင်ကြောင်းနဲ့ တိမ်ထုလေးလံခြင်း၊ တိမ်ထု အောက်သို့ ပြုတ်ကျခြင်းများကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ယင်းသို့ ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်ကို စမက်ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဘာသာပြန်။  ။ မင်းသုတ
Photo: AP Photo/Leesa Willmott
ref; bbc
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~