မိုးများရွာသော်လည်း တာချီလိတ် မဟာဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ခဲ့

မိုးများရွာသော်လည်း တာချီလိတ် မဟာဘုံကထိန် အောင်မြင်စွာ ကျင်းပနိုင်ခဲ့
နိုဝင်ဘာ 6, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် တန်ဆောင်မုန်းလပြည့် နိုဝင်ဘာလ(၆)ရက်နေ့တွင် မိုးများ တဖွဲဖွဲရွာနေသော်လည်း တာချီလိတ်ခရိုင်၏ (၁၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို တာချီလိတ်မြို့ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်၌ စုပေါင်း၍ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဘုံကထိန်ပဒေသာပင် စုစုပေါင်း (၇၀)ကျော်ရှိရာ ပစ္စည်းတန်ဖိုးနှင့် ငွေသား တန်ဖိုးစုစုပေါင်း ကျပ်ငွေ (၁၇,၅၈၄,၅၃၄)ကျပ်နှင့် ထိုင်းဘတ်ငွေ ( ၅၇၂၂၁၂)ဘတ် အပြင် အမေရိကန်ဒေါ်လာ ၄၆ ဒေါ်လာပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းပွဲတွင်  နိုင်ငံတော် သြ၀ါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" အမှုးပြု၍ ဆရာတော်ကြီးများကြွရောက်ကာ တရားတော်များ ချီးမြှင့်ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဇနီး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး၊ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ နှင့် နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ စေတနာရှင် အလှူရှင်များ စသည်တို့မှ လာရောက်၍ တရားတော်နာယူပြီး ရေစက်ချ အမျှဝေခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော (၁၈)ကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အား တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပဒေသာပင် စုစုပေါင်းမှာ (၇၂)ပင်၊ ပစ္စည်းနှင့် ငွေသားတန်ဖိုး၊  ကျပ်ငွေ ၁၈,၉၄၅,၂၂၃ကျပ်၊ ထိုင်းဘတ်ငွေ ၅၂၅,၇၁၇ ဘတ် နှင့် အမေရိကန်ဒေါ်လာ ၃၁ဒေါ်လာ ရှိခဲ့ကြောင်း သိရသည်။

ယနေ့ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် မိုးများရွာနေသည့်ကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခုလို မိုးရွာသွန်းမှုသည် မြန်မာနိုင်ငံအတွင်းရှိ မြို့တော်တော် များများတွင်လည်း ရွာသွန်းကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
မိုးများရွာသော်လည်း တာချီလိတ် မဟာဘုံကထိန် အောင်မြင်စွာ ကျင်းပ....

71 photos

တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန်အတွက် ပဒေသာပင်များ

69 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~