ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မိသားစုနှစ်ပတ်လည်နေ့ အခမ်းအနားကို တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုများက နှစ်ပတ်လည် အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပွဲကို တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ရှိ စိမ်းလန်းသောတောင် ခန်းမတွင် ညနေ(၆း၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ်စစ်ဗျူ ဟာ(အခြေချ) စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဇနီး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဇနီး၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စသည်တို့မှ တက်ရောက်လာကြတာကို တွေ့ရှိရသည်။
ယင်းနောက် (၂၁)ကြိမ်မြောက် ပြည်နယ်အဆင့် ဆို၊က၊ရေး၊တီးပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အနေဖြင့် ဆု(၆)ဆု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အကနည်းပြဆရာ ဦးမင်းမင်းထွန်း(မြို့နယ်ထွေ/အုပ် အကြီးတန်းစာရေး)အား အမှတ်တရ ဂုဏ်ပြုဆုငွေအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အဆိုပါ အထိမ်းအမှတ်နေ့အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းဆုမဲများအား ဗလာမပါ လက်ဆောင်အဖြစ် မဲများဖောက်ပေးခြင်း၊ သီဆိုဖြေဖျော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ စိုးထွန်းနိုင် ( ကောင်းဆက်လင်း )