အခုမြင်တွေ့နေရတာကတော့ တန်ဆောင်မုန်းလပြည့်နေ့ည အများအခေါ် သူခိုးကြီး ငတက်ပြားညလို့ခေါ်တဲ့ အချိန်အခါဖြစ်ပါတယ်၊ ဒီလိုညမျိုးမှာ လူငယ်များဟာ အပျော်သဘောအနေနဲ့ အများပိုင် ပန်းအိုးများ၊ ခုံများကို နေရာရွှေ့ပြောင်းထားကာ အပျော်သဘောနဲ့ လုပ်ကြပေမဲ့လည်း အခုလို လုပ်ကြတဲ့အတွက် တာချီလိတ်မှာ အဲ့ဒီညမှာဘဲ ယာဉ်တိုက်မှုများ ၃မှုအထက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ အခုလို ခုံများကို နေရာပြောင်းရွှေ့ပြီး လမ်းပိတ်ထားမှုသဖွယ် ပြုမှုခြင်းများကြောင့် အရက်သေစာ သောက်စားပြီး မောင်းလာတဲ့ လူငယ် ဆိုင်ကယ်မောင်းသမားများဟာ ခုံများကို မမြင်ဘဲ တိမ်းမှောက်မှုများဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ အခုဖော်ပြပါ cctv မှတ်တမ်းဟာ တာချီလိတ်မြို့နယ်က ဖြစ်ပါတယ်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]