အမေရိကန်တွင် မြေကျွံမှုကြောင့် မျိုတွင်းထပ်မံ ဖြစ်ပေါ်

အမေရိကန်တွင် မြေကျွံမှုကြောင့် မျိုတွင်းထပ်မံ ဖြစ်ပေါ်
နိုဝင်ဘာ 12, 2014
By Tachileik News Agency

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်တွင် နိုဝင်ဘာလ(၁၁)ရက်နေ့ အင်္ဂါနေ့ညပိုင်းက မြေကျွံမှုကြောင့် မျိုတွင်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုလို (၈၅)ပေခန့် အကျယ်အ၀န်းရှိ မျိုတွင်းဖြစ်ပေါ်ခဲ့ခြင်းကြောင့် အသက်(၆၃)နှစ်အရွယ် အဖွားအိုတစ်ဦးနှင့် ကား(၁)စီး မျိုတွင်း အတွင်း ပါသွားကြောင်းနှင့်  ၎င်းတို့အိမ်အနီးနားမှ အိမ်နီးချင်းများအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လျင်မြန်စွာ နေရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။

၎င်း မျိုတွင်းများ ဖြစ်ပေါ်ရခြင်းဟာ ဖလော်ရီဒါပြည်နယ်၏ မြေမျက်နှာသွင်ပြင်အရ ထုံးကျောက်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းထုံးကျောက်တောင်များအား မြေအောက်ရေတိုက်စားခြင်းကြောင့် လိုဏ်များ ဖြစ်ပေါ်ခဲ့ပြီးနောက် မြေအောက်ရေ အများအပြား စုပ်တင်သုံးစွဲခြင်းကြောင့် မြေများပြိုကျခြင်း ဖြစ်ပေါ်လာတာ ဖြစ်ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Photo: Pasco County
Ref;usatoday.com

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~