ကမ္ဘာအရပ်ရပ်၌ မျိုတွင်းများဖြစ်ပေါ်လာမှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် အတွက် သိပ္ပံပညာရှင်များမှ တွက်ချက်နေကြပေမဲ့ တိကျသည့် အဖြေကိုတော့ ယနေ့အထိ မရနိုင်သေးကြောင်း ကမ္ဘာ့သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
မျိုတွင်းများဟာ ကမ္ဘာ့နေရာ အနှံ့အပြားနှင့် သမုဒ္ဒရာကြမ်းပြင်များပေါ်တွင် ဖြစ်ပေါ်မှု များပြားလျက်ရှိပြီး ထိုသို့ဖြစ်ပေါ်ခြင်း၏ အကြောင်းအရာအား အတိအကျ တိုင်းတာစစ်ဆေး၍ မရသေးကြောင်း နှင့် အချို့နေရာများတွင် ပေပေါင်းများစွာနက်ပြီး တစ်ချို့နေရာတွင် အနည်းငယ်သာ ချိုင့်ဝင်သွားခြင်းကို တွေ့ရကြောင်း သိရသည်။
မျိုတွင်းများ ဖြစ်လေ့ဖြစ်ထရှိရာတွင် အနည်းဆုံး(၃)ပေမှ ပေ(၂၀၀၀)ကျော်အထိရှိတတ်ပြီး ပထမဦးဆုံး မျိုတွင်းအား လွန်ခဲ့သော ၁၈၁၂ ခုနှစ်တွင် ဆားဘီးယားနိုင်ငံရှိ ဒိုလိုင်း ကျေးရွာ၌ စတင်တွေ့ရှိခြင်းဖြစ်ပြီး မြေအောက်ရေ၏ ရေလမ်းကြောင်း ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်နိုင်ကြောင်းအပြင် မြေအောက် ရေစီးဆင်းမှုတွင် ကာဗွန်နစ်အက်စစ်များ ပါဝင်ခြင်းနှင့် အက်စစ်ဓါတ်ပြုခြင်းများကြောင့်အပြင် ထုံးကျောက်နံရံများကို တိုက်စားသွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဟု သတင်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။
ဘာသာပြန် ။ ။ မင်းသုတ
Photo+Ref; NBCNews