အင်တာနက်လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗျာကြေငြာစာတမ်း (Geneva Declaration on Internet Freedom)
၂၀၁၀ ခုနှစ်၊ မတ်လ (၉)ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗားမြို့တွင် ပြဌာန်းခဲ့သည်။
အပိုဒ်(၁) ။ ။ လူတိုင်း လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု၊ နေရာဒေသဆိုင်ရာ ခွဲခြားမှုမရှိဘဲ အင်တာနက်အား တူညီစွာအသုံးချပိုင်ခွင့်ရှိသည်။
အပိုဒ်(၂) ။ ။ လူတိုင်း အင်တာနက်ဖြင့် ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားပိုင်ခွင့်နှင့် သတင်းအချက်အလက်များ မျှဝေပိုင်ခွင့်ရှိသည်။
အပိုဒ်(၃) ။ ။ လူတိုင်း အင်တာနက်အား ခွဲခြားမှုမရှိဘဲ လွတ်လပ်ပွင့်လင်းစွာ အသုံးချပိုင်ခွင့်ရှိသည်။
အပိုဒ်(၄) ။ ။ လူတိုင်း မိမိ၏ အတတ်ပညာပိုင်ဆိုင်မှုအား ထိန်းသိမ်းကာကွယ်ပိုင်ခွင့်ရှိပြီး ထိန်းချုပ်ခြင်း၊ သိမ်းဆီးခြင်းမှကင်းလွတ်နေရမည်။
အပိုဒ်(၅) ။ ။ လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအား အစိုးရမှထိန်းချုပ်တားဆီးခြင်းအား ကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ်(၆) ။ ။ လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကာကွယ်ရန်အလို့ငှါ အမည်ဝှက်ပေးပိုင်ခွင့်ရှိသည်။
အပိုဒ်(၇) ။ ။ လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကာကွယ်ရန်အလို့ငှါ ၀ှက်စာသုံးခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်းများပြုလုပ်နိုင်သည်။
အပိုဒ်(၈) ။ ။ လူ့အခွင့်အရေးချိုးဖေါက်ရန် ရည်ရွယ်၍ အင်တာနက်အသုံးပြုခြင်းနှင့် အင်တာနက် ဆက်သွယ်ရေးများအား ကန့်သတ်ထိန်းချုပ်နိုင်သော နည်းပညာ(Technology)၊ အသုံးပြုပစ္စည်း(Equipments)၊ ဆော့ဝဲများအား တင်ပို့ရောင်းချခြင်းများ လုံးဝမပြုလုပ်ရ။
အပိုဒ်(၉) ။ ။ အင်တာနက်လိုင်းဖြန့်ဖြူးရောင်းချသော ကုမ္ပဏီများမှ အသုံးပြုသူ(User)များ၏ ကိုယ်ရေးအချက်အလက်များအား လုံခြုံစိတ်ချစေရန်တာဝန်ခံပြီး အစိုးရများနှင့် အခြားမည်သည့်အဖွဲ့အစည်းကိုမျှ အသုံးပြုသူ(User)၏သဘောတူညီချက်မပါရှိဘဲ ပေးပို့ခြင်းမပြုလုပ်ရ။
အပိုဒ်(၁၀) ။ ။ အင်တာနက်အား ကန့်သတ်တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆင်ဆာပြုလုပ်ခြင်းမရှိဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရမည်။
အပိုဒ်(၁၁) ။ ။ အင်တာနက် လွတ်လပ်ခွင့်ကြေငြာစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကို ထိခိုက်ပျက်စီစေသော အချက်များမပါဝင်သဖြင့်လူ့အဖွဲ့အစည်းအတွင်း တာဝန်ယူမှုတာဝန်ခံမှုပြုရမည်။