အစ္စရေးနိုင်ငံတွင် ဆိုလာသစ်ပင် စမ်းသပ်စိုက်ထား

အစ္စရေးနိုင်ငံတွင် ဆိုလာသစ်ပင် စမ်းသပ်စိုက်ထား
နိုဝင်ဘာ 17, 2014
By Tachileik News Agency

အစ္စရေးနိုင်ငံမှ ဆိုလာသစ်ပင်နည်းပညာနှင့် တူညီသော သစ်ပင် တရုတ်နိုင်ငံတွင် စမ်းသပ်ခဲ့ပြီး လျှပ်စစ်ဓါတ်အား ရအောင် ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

သစ်ပင်မှ ငွေသီးများ မသီးနိုင်ဟု ယူဆထားသော်လည်း နည်းပညာ မြင့်မားလာသည့်ခေတ်မှာ လျှပ်စစ်ဆိုတာ ငွေကြေးပါဘဲ ဒီလိုသစ်ပင်မှာ အံသြဖွယ်ရာ ဆိုလာပြားတွေ တပ်ဆင်ပြီး လျှပ်စစ်ဓါတ်အား ရအောင် ဖန်တီးနိုင်ခဲ့သည်။

ဒီသစ်ပင် အမည်ကိုတော့ E-Tree လို့ခေါ်ဆိုပြီး USB နဲ့ ပါဝါသွင်းနိုင်ပြီး WIFI စနစ်တို့ တပ်ဆင် အသုံးပြုနိုင်ကာ သောက်သုံးရေအတွက် ရေအေးစနစ်များ တပ်ဆင်ပြီး လမ်းသွားလမ်းလာ ကလေးသူငယ်များနှင့် လူအများကို ရေအေးအေးလေး အလွယ်တကူ သောက်သုံးလို့ရအောင် ဖန်တီးထားကြောင်းသိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; CCtvNews
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~