Manhan Quanxi ဟင်းပွဲဆိုတာ တရုတ်နိုင်ငံ ဟန်ဘုရင်မင်းဆက်ကစပြီး စတင်ဖြစ်ပေါ်လာတဲ့ စားပွဲများတည်ခင်းခြင်း ရိုးရာဓလေ့ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
တည်ခင်းတဲ့ စားပွဲမှာ ဟင်းအမျိုးအစားပေါင်းစုံ ထည့်ထားပြီး ဟင်းပွဲပေါင်း (၁၀၈)မျိုးပါကြောင်း ပါတယ်။
ယခုမြင်နေရတဲ့ Manhan Quanxi ဟင်းလျာတွေကတော့ စာဖတ်သူ စားမိရင်တော့ သွားကျိုးမှာ
ဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျောက်တုံးတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ဖန်တီး အလှဆင်ထားလို့ ဖြစ်ပါတယ်။
အခုဖော်ပြထားတဲ့ ပုံထဲက အစားအစာ ပုံသဏ္ဌာန်တွေဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကျောက်မျက်ရတနာ ကုန်စည်ပြပွဲတစ်ခုမှာ ကျောက်မျက်ရတနာတွေကို ဒီဇိုင်းဖန်တီးပြီး ပြုလုပ်ထားခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရိုးရာအနုပညာ Shoushan Stones ခေါ် ကျောက်အလှဆင်အနုပညာနဲ့ ဖန်တီးပြုလုပ်ထားခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဘာသာပြန် ။ ။ မင်းသုတ
Ref; CCtvNews