နယူးယောက် အနောက်ပိုင်း၊ Buffalo မြို့တစ်ဝိုက်တွင် (၃၆)နာရီကြာ နှင်းများ အဆက်မပြတ် ကျဆင်းမှုကြောင့် နှင်းအထူမှာ (၆)ပေခန့် ထူထပ်လာပြီး ကား နှင့် လူများဟာ သွားလာရ ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြို့အတွင်း နှင်းထုမှာ (၆၃)လက်မခန့် ထူထပ်လာသောကြောင့် လမ်းများ ပိတ်ဆို့ကုန်ပြီး လူအများလည်း နေအိမ်အတွင်း ပိတ်မိနေကြောင်း သိရသည်။
ဒီလိုအချိန် ခဏလေးအတွင်း ဖြစ်ပေါ်ရသည့် ကိစ္စနှင့် ပတ်သက်၍ မြို့အနီးအနားမှာရှိတဲ့ ရေကန်အတွင်းမှရေများ ပူနွေးမှုကြောင့် အငွေ့ပျံပြီး လေထုအတွင်း ရောက်တဲ့အချိန် အအေးလွန်ကာ နှင်းအဖြစ်ပြန်လည် ကျဆင်းလာခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ယူဆကြသည်။
ဘာသာပြန် ။ ။ မင်းသုတ
ref; independent
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]