ကျေးလက်လူငယ် စွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပြ(ဆင့်ပွား) သင်တန်း အမှတ်စဉ် ၂/၂၀၁၄ တာချီလိတ်တွင်ဖွင့်

ကျေးလက်လူငယ် စွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပြ(ဆင့်ပွား) သင်တန်း အမှတ်စဉ် ၂/၂၀၁၄ တာချီလိတ်တွင်ဖွင့်
နိုဝင်ဘာ 22, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပြ (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂/၂၀၁၄)ဖွင့်ပွဲကို ၀မ်ကောင်းရပ်ကွက်ရှိ အဆိုပါ ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့ နိုဝင်ဘာလ (၂၂)ရက်၊ နံနက်(၉)နာရီခွဲ အချိန်က ကျင်းပခဲ့ကြသည်။

 အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ဦးစီးဌာန အနေဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ အရင်း မပျောက်လည်ပတ် ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ ဆောင်ရွက်လျက်ရှိကြောင်း၊ CDD ခေါ် လူထုဗဟိုပြုစီမံကိန်းအရ ကျေးရွာအရောက် လူမှုရေး၊ စီးပွားရေး၊ အခြေခံ စာရင်းဇယားများ အသေးစိတ် ကောက်ခံယူပြီး ကျေးရွာနေပြည်သူများ၏ ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တင်ပြနိုင်ရန်၊ ကျေးရွာတစ်ရွာလျှင်(၅)ဦး ရွေးချယ်ထားသည့် စေတနာ့ ၀န်ထမ်းကျေးလက်လူငယ်များအား ထပ်ဆင့်ပို့ချပေးနိုင်ရန် ၀န်ထမ်းများကို ယခုလို ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသည့် အတွေ့အကြုံများကို ကျေးရွာများရှိ တိုင်းရင်းသားကျေးလက် လူငယ်များအား ဆက်လက်သင်ကြားပေး ရမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ စံထွန်းဝေ က သင်တန်းနှင့်စပ်လျဉ်းသည်များ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနများရှိ ၀န်ထမ်းများ တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းအား ၂၂-၁၁-၂၀၁၄ ရက်နေ့မှ ၂၄-၁၁-၂၀၁၄ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ/သတင်း ။  ။ ဝေယံလင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~