မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရရှိ

မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်း၌ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရရှိ
နိုဝင်ဘာ 22, 2014
By Tachileik News Agency

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နိုဝင်ဘာလ(၂၂)ရက် ညနေ(၅)နာရီ အချိန်ခန့်က တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၇၀၀)ပြားအား သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် တာလေမြို့ဘက်မှ တာချီလိတ်ဘက်သို့ လော်ခဲ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာမှ ဆိုင်ကယ်၏ အဲယာကလင်ဒါအတွင်း၌ အ၀ါရောင် ရှမ်းစက္ကူဖြင့်ပတ်ထားပြီး အပြာရောင် ပလပ်စတစ်ကပ်ခွါ အိတ်ငယ်ဖြင့်ထည့်လျှက် Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၈)ထုပ်၊ (၁၀၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်းဆေးပြား (၁၇၀၀)ပြားကို တွေ့ရှိရသည့်အတွက် အဆိုပါအဖွဲ့မှ သိမ်းဆည်းခဲ့ကြပြီး တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၄၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း တာချီလိတ်မူးယစ်မှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~