အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ISIS မှ ကလေးသူငယ်များအား အနာဂတ် ဂျီဟတ်စစ်ပွဲများအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
၎င်းအဖွဲ့အား “ဂျီဟတ်(၂)၏သွေးများ”ဟု အမည်ပေးထားသော ဗွီဒီယိုဖိုင်တစ်ခုကို ISIS အစွန်းရောက် အဖွဲ့က ထုတ်ဖေါ်ပြသခဲ့ပြီင်္း ရုပ်သံဖိုင် အတွင်းမှာတော့ ကလေးသူငယ်များ စစ်ရေးလေ့ကျင့်မှုများအား ISIS ထိန်းချုပ်နယ်မြေဖြစ်တဲ့ အီရတ်နိုင်ငံ၊ နိုင်ဗာပြည်နယ်မှာ လေ့ကျင့်နေတာဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်သံတွင် AK47 သေနတ်များဖြင့်ချီတက် လေ့ကျင့်နေမှုများ၊ အဆင့်မြင့် အတိုက်အခိုက် လေ့ကျင့်နေမှု ပုံစံများ၊ ၀တ်ပြုနေမှု ပုံစံများပါဝင်ပြီး အနာဂါတ်အစွန်းရောက် လုပ်ငန်းများအတွက် ပြင်ဆင်နေခြင်းများ ပြုလုပ်နေတာကို တွေ့မြင်ရသည်။
ဘာသာပြန် ။ ။ မင်းသုတ
Ref;dailymail