http://www.chiangraitimes.com/thai-government-plan-to-extend-work-permits-to-2-years.htmlထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် (၂၃)ကြိမ်မြောက်

http://www.chiangraitimes.com/thai-government-plan-to-extend-work-permits-to-2-years.htmlထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် (၂၃)ကြိမ်မြောက်
နိုဝင်ဘာ 25, 2014
By Tachileik News Agency


ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် (၂၃)ကြိမ်မြောက် ထိုင်းနိုင်ငံကုန်သည်ကြီးများ(TTC) အစည်းအဝေးတွင် နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့် သက်တမ်းအား (၂)နှစ်အထိ တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။

ထိုင်းအစိုးရအဖွဲ့မှလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအား စွဲဆောင်မှုပြုနိုင်ရန် အလုပ်ခွင်တွင်လည်း လိုအပ်သော အလုပ်သမားများ ရရှိရေး အဆင်ပြေစေရန်အတွက်နှင့် နိုင်ငံခြားသား အလုပ်သမားများ၏  အလုပ်လုပ်ခွင့် (Work Permit)အား ယခင်(၁)နှစ် ခွင့်ပြုချက်ထားရမှာ (၂)နှစ်သို့ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရအဖွဲ့မှ ထိုင်းနိုင်ငံအား “ပို့ကုန်”တင်ပို့သော နိုင်ငံအဖြစ် တည်ဆောက်ရန် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအား ပိုမိုဝင်ရောက်လာနိုင်ရေးအတွက် အခွင့်အလမ်းများ ပိုမိုပေးထားသော အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် လုပ်ထုံလုပ်နည်းများကိုလည်း အသင့်ဖြစ်စေရန်နှင့် အကျင့်ပျက်ချစားမှုများ မဖြစ်ပေါ်စေရန် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံသူများ အဆင်ပြေချောမွေ့စေရေး အလေးပေးဆောင်ရွက်ထားကြောင်း သိရပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~