ကမ္ဘာ့ထိပ်သီး အိုင်တီကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အွန်လိုင်းရောင်းဝယ်ရေး Alibaba ကုမ္ပဏီဟာစီးပွားရေးကိုလိုနီချဲ့ဖို့ အာရပ်ဒေသတွေကိုဦတည်လာပါပြီ။
အရှေ့အလယ်ပိုင်းဖြစ်တဲ့ ဒူဘိုင်းအစိုးရအဖွဲ့နဲ့ အာဖရိကမြောက်ပိုင်းက စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လို့ တွေ့ဆုံပွဲတွေ ပြုလပ်လျှက်ရှိနေပါပြီ။
ယခုအပတ်အတွင်းမှာတော့ (2020 Dubai World Expo)၂၀၂၀ ခုနှစ်မှာ ဒူဘိုင်းနိုင်ငံမှာကျင်းပမဲ့ ကမ္ဘာ့ကုန်စည်းပြပွဲအတွက် Alibaba ကုမ္ပဏီမှ ရောင်းချပေးဖို့အစီအစဉ်တွေကို ဒူဘိုင်းကုန်ထုပ်လုပ်သူတွေနဲ့ တွေစတင်ဆွေးနွေးနေပါတယ်။
ဒူဘိုင်းထုတ်ကုန်တွေကို ရောင်းချဖို့ရေးတဲ့ အစီအစဉ်မှာ ခန်မှန်းချေ (၄၂)ဘီလီယံခန့်ရောင်းဝယ်မှုရှိမှဖြစ်တယ် လို့ဆိုထားပါတယ်။ ဒီထက်ပိုမိုပြီးတော့လဲ ဖြစ်နိုင်တဲ့ အခြေအနေလဲဖြစ်နိုင်ပါတယ်လို့ Alibaba ကဆိုထားပါတယ်။
ဒူဘိုင်းကအဖွဲ့အစည်းတွေဟာ ၂၀၁၂ ခုနှစ်ကတဲ့က Alibaba နဲ့ တွဲဖက်လုပ်ဆောင်လာတယ်ဖြစ်တယ်လို့သိရပါတယ်။ ယခုနောက်ပိုင်း ပိုမိုကောင်းမွန်တဲ့ ဈေးကွက်လမ်းကြောင်းတွေရှိတဲ့အတွက် တိုးချဲ့ဖို့လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းများ တိုးမြင့်ဖို့အတွက် အဖွဲ့ဝင်ပေါင်း(၁၂၀၀၀)ခန့်ဖြင့် ခိုင်မာအောင်တည်ဆောင်ထားပြီးဖြစ်တယ်လို့လဲသိရပါတယ်။
အရှေ့အလယ်ပိုင်းဈေးကွက် ရောင်းဝယ်မှုဟာ တစ်နှစ်ကို (၂.၅)ဘီလီယံနှုန်းဖြင့် တိုးလာခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် တွင် (၁၀)ဘီလီယံခန့်တိုးလာမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ထိပ်သီး အိုင်တီကုမ္ပဏီတစ်ခုဖြစ်တဲ့
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024