( ရုပ်သံ တင်ဆက်မှု )
မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွဲ့စည်းထားရှိပြီး အခု ၂၀၁၄ ခုနှစ်မှာဆိုရင် အဖွဲ့အနေနဲ့ (၁၀)နှစ်ပြည့်ပြီဖြစ်တဲ့ Eastern Eagle MC အပျော်တမ်း ဆိုင်ကယ်အဖွဲ့ကို ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့ဟာ အင်ဂျင်ပါဝါအား (၅၀၀)အထက် ရှိတဲ့ ဆိုင်ကယ်တွေနဲ့ ခရီးသွားတာတွေ၊ ခရီးသွားရင် လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်တာလည်းရှိပါတယ်၊ အခုလို အဖွဲ့နဲ့ပတ်သက်ပြီး လူငယ်တွေ၊ လူလတ်တန်းစားတွေကလည်း စိတ်ဝင်စားမှု အပြည့်ရှိနေတာကိုလည်း တွေ့မြင်ရပြန်ပါတယ်။ အဲ့ဒီအတွက် နိုင်ငံတကာမှာ ဒီလို ဆိုင်ကယ်အဖွဲ့ စတင်ပေါ်ပေါက်လာပုံ သမိုင်းကြောင်း နဲ့ Eastern Eagle MC ရဲ့ စတင် ဖွဲ့စည်းလာခဲ့ပုံအပြင် အဖွဲ့အနေနဲ့ လုပ်ဆောင်ချက်လေးတွေကို အများပြည်သူများ သိရှိရန်အတွက် Eastern Eagle MC ရဲ့ ကလပ်မှာ တာဝန်ရှိသူတွေနဲ့ တာချီလိတ်အွန်လိုင်းမှ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
ရိုက်ကူး။ ။ ဇောင်းညီ
တည်းဖြတ်/တင်ဆက်။ ။ ကိုဇောင်း