၁၃ နှစ်အရွယ် မိန်းကလေး အိမ်ထောင်ပြု

၁၃ နှစ်အရွယ် မိန်းကလေး အိမ်ထောင်ပြု
ဒီဇင်ဘာ 2, 2014
By Tachileik News Agency

ယနေ့ နိုဝင်ဘာလ (၂)ရက်နေ့မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဇင်ဟွာဒေသအတွင်း (၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ဓလေ့ထုံးစံနှင့်အညီ အသက်(၁၆)နှစ်အရွယ် ယောက်ျားလေးမှ မင်္ဂလာဆောင်၍ လက်ထပ်ခဲ့ကြောင်း သိရသည်။

ဇင်ဟွာဒေသ ပတ်ဝန်းကျင်မှာ လူပေါင်း(၂၀၀)ခန့်ရှိပြီး ရွာဓလေ့ထုံးစံအရ ကလေးငယ်များကို မင်္ဂလာဆောင် လက်ထပ်ခွင့်ပေးထားတဲ့ အတွက် တရုတ်တစ်နိုင်ငံလုံးမှာ ဒီဒေသတစ်ခုတည်းသာ ဆောလျင်စွာ ကလေးသူငယ်အရွယ် မင်္ဂလာဆောင်တာ ရှိကြောင်း သိရသည်။

"ဒီဒေသရဲ့ အုပ်ချုပ်သူများဟာလဲ ဒီကိစ္စနှင့် ပတ်သက်ပြီး ဓလေ့ထုံးစံဖြစ်နေတော့ ဘာမှပြောဆိုသံလည်း မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ တရားဥပဒေအရ အမျိုးသမီးများကို အသက်(၂၀)နှစ်အထက် မငယ်ရလို့ ပြဌာန်းထားပေမယ့် ဒီဒေသကိုတော့ ဒီဥပဒေပြဋ္ဌာန်းထားမှုဟာ အကျိုးသက်ရောက်မှု မရှိဘူး"ဟု မြို့ပြနေ တရုတ်နိုင်ငံသားများကလည်း သုံးသပ်ပြောဆိုကြသည်။

တခြား တရုတ်နိုင်ငံသားတွေကတော့ ဒီဒေသဟာ စီးပွားရေး ဆင်းရဲနွမ်းပါးလို့ အစိုးရက လစ်လျှူရှုထားတာလို့ ပြောဆိုနေကြတာကိုလည်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; CCTVNews
Photo: cctvnews

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~