မိုင်းယောင်း၌ မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲအား ပြိုင်ပွဲဝင် အသင်းပေါင်း (၁၄)သင်းဖြင့် ကျင်းပ

မိုင်းယောင်း၌ မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲအား ပြိုင်ပွဲဝင် အသင်းပေါင်း (၁၄)သင်းဖြင့် ကျင်းပ
ဒီဇင်ဘာ 3, 2014
By Tachileik News Agency

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာလ (၁)ရက်နေ့ ညနေ(၃)နာရီ အချိန်က မိုင်းယောင်းမြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲတွင် မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက ယခုလို မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားပြီး ပြိုင်ပွဲအား မိုင်းယု မြို့အသင်း နှင့် ရပ်ကွက်(၈)အသင်းတို့ဖြင့် စတင်၍ ယှဉ်ပြိုင်ကစား စေခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက "ဒီလိုပွဲ မကျင်းပဖြစ်တာ၊ အဆတ်ပြတ်သွားတာဆိုရင် (၃)နှစ်လောက်ရှိပါပြီ၊ အခုက လူငယ်တွေလည်း အားပါကြတာရယ်၊ တောင်းဆိုကြတာနဲ့ပဲ ပြိုင်ပွဲကို ကျင်းပဖြစ်တာပါ၊ ပြိုင်ပွဲကို ဒီဇင်ဘာလ (၁)ရက်နေ့ကနေ ဇန်န၀ါရီလ (၃)ရက်နေ့အထိ သတ်မှတ်ထားပါတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ယခုပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာ အသင်းများ နှင့် ဌာနဆိုင်ရာအသင်းများ စုစုပေါင်း (၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~