မြန်မာနိုင်ငံ၌ ပထမဆုံးအနေဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲကို ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲတော်သို့ အမေရိကန် နိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၁၉)နိုင်ငံမှ မော်တော်ဆိုင်ကယ်ကလပ်များ၊ နိုင်ငံခြားသား ဧည့်သည်များ လူဦးရေ (၁၀၀၀)၀န်းကျင် လာရောက်ကြမှာဖြစ်ပါသည်။
အဆိုပါ ပွဲတော်အား ဒီဇင်ဘာလ(၁၄)ရက်နေ့မှ ဒီဇင်ဘာလ (၁၅)ရက်နေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်မှာဖြစ်ရာ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် Free Show အနေဖြင့် ပြုလုပ်မှာဖြစ်ပြီး ဒီဇင်ဘာလ(၁၅)ရက်နေ့တစ်ရက်တည်းသာ ပွဲဝင်ခွင့်လက်မှတ်များ၊ စားဝိုင်းလက်မှတ်များဖြင့် သာ ၀င်ရောက်နိုင်မှာဖြစ်သည့် အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများ အနေဖြင့် လာရောက် သတင်းရယူနိုင်မှာဖြစ်ပြီး ပွဲတော်အတွင်း လာရောက် သတင်းယူလိုသော မီဒီယာများ၊ သတင်းဌာနများ အနေဖြင့် တာချီလိတ်အွန်လိုင်းသတင်းဌာန သို့ ဆက်သွယ်၍ အမည်စာရင်းပေးကာ ဒီဇင်ဘာလ (၁၅)ရက်နေ့အတွက် ၀င်ခွင့်ကတ်ပြားများ ရယူနိုင်မှာဖြစ်ပါသည်။
ပွဲတော်ကို အဓိက ကြီးမှူးကျင်းပသည့် Eastern Eagle MC မှ သတင်း/မီဒီယာများအတွက် အထူးအစီအစဉ် အနေဖြင့် ဒီဇင်ဘာလ (၁၅)ရက်နေ့ ညပိုင်းတွင်ဝင်ခွင့်အခမဲ့ဖြစ်ပြီး တစ်ဦးချင်းစီအလိုက် ပွဲအတွင်း စားဝိုင်းနေရာများကိုလည်း သတ်မှတ်ပေးထားမှာ ဖြစ်ပါသည်။
အနယ်နယ်အရပ်ရပ်မှ သတင်းမီဒီယာများအား သတင်းယူနိုင်ရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။ လာရောက်၍ သတင်းရယူလိုပါက အောက်ပါ ဆက်သွယ်ရန်ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါသည်။
- တာချီလိတ်အွန်လိုင်းသတင်းဌာန
- ထိုင်းဖုန်း ။ ။ 0992976429
- မြန်မာဖုန်း။ ။ 09450046600
- Email: [email protected]