ဂျာကာတာမြို့မှာ အလုပ်သမားများနှင့်လူထုမှ လောင်စာဆီဈေးနှုန်းကြီး၍ ဆန္ဒပြ

ဂျာကာတာမြို့မှာ အလုပ်သမားများနှင့်လူထုမှ လောင်စာဆီဈေးနှုန်းကြီး၍ ဆန္ဒပြ
ဒီဇင်ဘာ 10, 2014
By Tachileik News Agency

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ယနေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းမှာ အလုပ်သမားများ နှင့် လူထုပါဝင်တဲ့ စုပေါင်းအဖွဲ့က လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော် ပြသခဲ့ကြတယ်လို့ သိရပါတယ်။

ထောင်ပေါင်းများစွာ ပါဝင်တဲ့ အလုပ်သမားများနဲ့လူထုဟာ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို လက်ထက်မှာ လောင်စာဆီဈေးနှုန်းမြှင့်တက်လာမှုများကြောင့် ယခုလို ဆန္ဒဖော်ထုတ်ကြတာဖြစ်ပြီး မြို့တော် ဂျာကာတာရဲ့ စက်မှုလုပ်ငန်း ဧရိယာပတ်ဝန်းကျင်နဲ့ ဟိုတယ်တွေရှိတဲ့ မြို့လယ်ခေါင် ပတ်ဝန်းကျင်တွေမှာ အလံတွေလွှင့်ထူပြီး ခေါင်းဆောင်တွေဟာ မိန့်ခွန်းပြောကြားကာ ဆန္ဒဖော်ထုတ်နေလျှက်ရှိကြောင်း သိရပါတယ်။

အသက် ၅၃ နှစ်ရှိတဲ့ ဂျိုကိုဝီဒိုဒိုဟာ ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ အသက် ၆၂ နှစ်ရှိတဲ့ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဗိုဝိုကို မဲအရေအတွက် (၅၃.၁၅)ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတတစ်ဦးဖြစ်လာသူ ဖြစ်ကြောင်း သိရပါတယ်။

ဘာသာပြန်။ ။ မင်းသုတ
Ref; bangkokpost
Photo: EPA

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~