ကလေးတွေကို လက်ကိုင်ဖုန်း ပေးကိုင်သင့်ပါသလားဆိုတဲ့ ကိစ္စအပြင် ကျောင်းသူ၊ ကျောင်းသားတွေကို စာသင်ခန်းထဲ လက်ကိုင်ဖုန်း ကိုင်ဆောင်ခွင့် ပြုသင့်သလား၊ မပြုသင့်ဘူးလားဆိုတဲ့ ကိစ္စဟာ တရုတ်နိုင်ငံမှာ တော်တော်ကြီးထွားလာတဲ့ ငြင်းခုန်မှု တစ်ခုဖြစ်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဆဲ့လ်ဖုန်းကို စာသင်ကြားတဲ့ အသံတွေ ဖမ်းယူ မှတ်သားရန်အတွက် သုံးသင့်တယ်လို့ တချို့ကလဲ ဆိုကြပါတယ်။ တချို့ကလဲ စာသင်ခန်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖုန်းသံတွေဖြစ်စေတယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။
တရုတ်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ ယူဆောင်ခွင့်ပေးထားပေမယ့် တချို့ပြည်နယ်တွေကတော့ ကန့်ကွက်နေကြပါသေးတယ်။ တချို့ကျောင်းနဲ့ တက္ကသိုလ်တွေမှာ စာသင်ချိန်အတွင်းမှာ ဖုန်းတွေကို သိမ်းဆည်းထားဖို့အတွက် ဘီဒိုလေးတွေ လုပ်ပေးထားတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ ကိုယ့်အမှတ်စဉ် နံပါတ်များအလိုက် သတ်မှတ် အိတ်လေးတွေထဲမှာ သိမ်းဆည်းထားရပါတယ်။
မြန်မာနိုင်ငံအတွင်း မြို့ပေါ်ကျောင်းများနဲ့ နယ်စပ်က ကျောင်းများမှာတော့ အခုလို ကျောင်းသား၊ ကျောင်းသူတွေအတွက် ဖုန်းတွေကို သီးသန့် သိမ်းဆည်းထားပေးဖို့အတွက် စီစဉ်ပေးဖို့ အစီအစဉ်တွေ မရှိသေးတဲ့အတွက် တစ်ချို့ ကျောင်းသား၊ ကျောင်းသူများဟာ စာသင်ချိန်မှာ photo selfie ရိုက်တာတွေ၊ ဂိမ်းဆော့နေတာတွေအပြင်၊ Facebook သုံးနေတာလည်း ရှိတယ်လို့ သိရပြန်ပါတယ်။
သတင်း ။ ။မင်းသုတ
Ref; CCTvNews
Photo: CCTvNews