ယနေ့ ၂၀၁၅ ဇန်န၀ါရီ (၅)ရက်နေ့တွင် သန့်ရှင်းရေးကုမ္ပဏီတစ်ခုကို Chongqing မြို့ စည်ပင်သာယာရေး အဖွဲ့မှ ယန်ဇီမြစ်အတွင်းသို့ မိလ္လာများအား တိုက်ရိုက် စွန့်ပစ်ခဲ့ခြင်းကြောင့် အဆိုပါ ကုမ္ပဏီအား ပစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဒေသအာဏာပိုင်များမှ တရုတ်နိုင်ငံ၏ အရှည်လျားဆုံးမြစ်ဖြစ်ပြီး Egongyan တံတားအနီးရှိ ယန်ဇီမြစ်အတွင်း မိလ္လာများ တိုက်ရိုက်စွန့်ပစ်သည့် ကိစ္စနှင့်ပတ်သတ်၍ ၂၀၁၅ ဇန်န၀ါရီ (၂)ရက်နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း Chongqing မြူနီစပါယ်မှ သိရသည်။
ယန်ဇီမြစ်ရဲ့ မြစ်ရေအမြင့် မီတာ(၅၀)အထက် ရေလွှာကို ထိုဒေသရဲ့ မြို့သောက်သုံးရေ အဖြစ် ရေအရင်းအမြစ်နှင့် မြို့ရေပေးဝေရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်းလဲသိရသည်။
ဇန်န၀ါရီ (၂)ရက်နေ့က ယန်ဇီမြစ်အတွင်း မိလ္လာများစွန့်ပစ်သော ကုမ္ပဏီမှ ပိုက်များနှင့် Tank များအား အသုံးပြုပြီး တိုက်ရိုက် စွန့်ပစ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
ယခုအခါမှာတော့ ရေအရည်အသွေးမှာ ပုံမှန်ဖြစ်သွားပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြို့ရေပေးဝေရေးအဖွဲ့မှ မီဒီယာများအား ထုတ်ပြန်ကြေငြာခဲ့သည်။
Ref; CCTVNews
Photo: CCTVNews
ဘာသာပြန် ။ ။ အိမ့်ကြယ်ဖြူ