ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၇)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့မ ယာယီဈေးတွင် ထူးဆန်းစွာဖြင့် လက်ငါးချောင်းပုံစံ ပါဝင်နေပြီး လက်ပုံသဏ္ဌာန်ဖြစ်နေသည့် မုန်လာဥဖြူတစ်လုံးကို တွေ့ရှိရသည်။
"အခုလို လက်ချောင်းတွေနဲ့ တကယ်တူတာတော့ တစ်ခါမှ မတွေ့ဖူးဘူး၊ လုပ်ယူထားတာလားလို့ အောက်မေ့ရတယ်၊ လက်ဝါးနဲ့ တကယ်တူတယ်"ဟု ယာယီဈေးအတွင်းရှိ အထည်ရောင်းသူ တစ်ဦးကလည်း ပြောသည်။
အဆိုပါ မုံလာဥဖြူ၏ အလေးချိန်သည် ကီလိုဝက် မပြည့်မီ (၄)မစ်သာသာရှိနေပြီး ယခုလို ထူးဆန်းသည့် ပုံသဏ္ဌာန်ကို တစ်ခါမျှ မတွေ့ဖူးကြောင်းနှင့် ယင်းမုံလာဥကို ထိုင်းနိုင်ငံဘက်မှ ကုန်စိမ်းရောင်းချရန် တဆင့်ဝယ်ယူရာမှ ပါလာတာဖြစ်ကြောင်းလည်း ကုန်စိမ်းသည် ဒေါ်စိန်အေး ထံမှ သိရသည်။