ကျွန်တော် သတင်းစာ၊ ဂျာနယ်တွေမှာ ဖတ်မိတာ ရန်ကုန်မြို့တော်ကြီးမှာ တိုက်ခန်းလိမ်လည်ရောင်းချမှု၊ အိမ်၊ ခြံ၊ မြေ လိမ်လည်မှုတွေ မရိုးနိုင်အောင် ဖတ်မိတယ်။ ကျွန်တော်တို့ နယ်စွန် နယ်ဖျားမှာလဲ ဒါမျိုးလေးတွေ ရှိမှာဘဲ ရှိလဲရှိတယ်ဆိုတဲ့ အကြောင်းလေးတစ်ခုကြားမိလို့ လူတွေစဉ်းစားတတ်အောင်ထက် ဆင်ခြင်တတ်အောင် လောဘ၊ မောဟနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတတ်တဲ့ စိတ်လေးတွေကို လူသားချင်း စာနာထောက်ထားမှုရှိအောင် ဆောင်းပါးအဖြစ်ရေးသားလိုက်ပါတယ်။
ရန်ကုန်မှာတော့ တိုက်ခန်းငှားနေပြီး ရပ်ကွက်လူကြီးအတု၊ ရာအိမ်မှူးအတုနဲ့ စာချုပ်စာတမ်း အတုလုပ်ပြီး လိမ်လည်တာဘဲ ကြားဖူးတယ်။ တာချီလိတ်မှာ ကြားမိတာတော့ လိမ်လည်မှုမဟုတ်ပါဘူး ဒါပေမယ့် လောဘစိတ်ကြောင့် စာနာမှုကင်းမဲ့တဲ့ ဖြစ်ရပ်လေးနဲ့တူတယ်။
မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့သူ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်ဆေးကုသရာမှာ ငွေကြေး မလုံလောက်မှုဖြစ်ပေါ်လာပါတယ်။ အိမ်ထောင်ဦးစီး နေအိမ်တစ်အိမ်မှာ ပြိုလဲပြီးဆိုရင် ကျန်တဲ့ မိသားစုမှာ ပရိဒေ၀ဗျာပဒများပြီပေါ့ ဒီအချိန်မှာ ကျန်မိသားစုဟာ အိမ်ထောင်ဦးစီး ပြန်လည် နေထိုင်ကောင်းလာဖို့ ဘာမဆို ဖြည့်ဆည်းမယ်ဆိုတဲ့ စိတ်ထားကြတာ သဘာဝပါဘဲ။ ကျန်မိသားစုဟာ နေထိုင်တဲ့ အိမ်လေးကို တင့်သင့်မျှတတဲ့ ဈေးနဲ့ရောင်းချမယ်လို့ စိတ်ဆုံးဖြတ်ပြီး ရောင်းချဖို့ ဆော်သြချိန်မှာ ငွေကြေးချမ်းသာသူတစ်ဦးက သူဝယ်ပါ့မယ့်ပေါ့ ဒါပေမယ့် ငွေကြေးကို တစ်ပြိုင်နက် အကုန်မချေနိုင်လို့ စရံသဘော ရာခိုင်နှုန်းအချို့ကို ပေးချေခဲ့ပါတယ်၊ ကျန်ငွေကြေးကိုတော့ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည်မှ အပြည့်အစုံ လာရောက်ချေပါမယ်လို့ စာချုပ်စာတမ်းအခိုင်အမာနဲ့ ပေးချေသွားခဲ့တယ်။
အိမ်ပိုင်ရှင်မိသားစုမှလဲ ကျေနပ်စွာလက်ခံပြီး ငွေကြေးလက်ဝယ် ကိုင်မိအချိန်မှာ ပြန်လည်သုံးသပ်မိတယ်၊အိမ်ထောင်ဦးစီးဟာ ဒီငွေကြေးတွေ အားလုံးနဲ့လဲလှယ်လိုက်ရင်တောင် ပြန်လည် အသက်ရှင်ဖို့ မသေချာတဲ့အချိန် သူတို့ ရှင်သန်နေထိုင်တဲ့ အိမ်လေး သူများကိုပေးလိုက်ရမယ်ဆိုတဲ့ အတွေးတွေ ၀င်လာပါတယ်။
လူလဲဆုံး၊ အိမ်လဲဆုံး၊ ငွေကြေးလဲ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ဆို တဖြည်းဖြည်း ကုန်ဆုံးသွားမှာ စဉ်းစားမိပြီး ကျန်ရစ်သူ မိသားစု သားသမီးများ ဘ၀နောင်ရေးအတွက် ပြန်လည်စဉ်းစားမိမှာပေါ့။
အဲ့ဒီအချိန်မှာ အိမ်ရှင်မဟာ အိမ်ထောင်ဦးစီးဟာ ဒီငွေကြေးနဲ့ လဲလှယ်လို့လဲ အသက်မရှင်နိုင်မယ့်အတူ အိမ်မရောင်းတော့ဘူး ဆုံးဖြတ်ချက်ချပြီး စရံယူထားတဲ့ငွေကြေးတွေကို သွားပြန်ပေးလိုက်ပါတယ်။
ဒါပေမယ့် ၀ယ်ယူမယ်သူဟာ စာချုပ်စာတမ်းနဲ့ ပေးချေထားခြင်းဖြစ်ပြီးဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး၊ တကယ်လို့ပြန်ပေးမယ်ဆိုရင်တောင် သူစရံချပေးထားတဲ့ငွေကြေးရဲ့ (၃)ဆတိတိ နစ်နာကြေးပြန်ပေးမှရမယ်လို့ စာချုပ်စာတမ်းအပြည့်အစုံနဲ့ တောင်ဆိုပါတယ်။ မိသားစုမှ အိမ်ထောင်ဦးစီးလဲဆုံးပြီး နေအိမ်လဲ ဆုံးတော့မယ်အခြေအနေကြုံတာနဲ့ လူမှုရေးအရနားလည်မှုယူပြီး (၂)ဆပြန်ပေးပါမယ်လို့ပြောပေမယ့်။ လူ့တွေသဘာဝ ဘယ်သူဘာဖြစ်ဖြစ် ငွေကြေးသာအဓိကဆိုတဲ့ လောဘစိတ်နဲ့ လူသားချင်စာနာစိတ်မဲ့စွာ (၃)ဆမှနစ်နာကြေးမရရင် လက်မခံနိုင်ဘူး သက်ဆိုင်ရာ ရုံးတက်ပြီးရှင်းမယ်လို့ဆိုပြန်တယ်။ ဒုက္ခရောက်တဲ့မိသားစုဟာ တိုင်းရင်းသားတွေလဲဖြစ် ရုံး၊ ဂါတ်ဆိုတာ သွားဖို့ဝန်လေးတော့ (၂)ဆခွဲပေးပါ့မယ်လို့ပြန်ပြောတော့ လက်ခံပါတယ်။
မိသားစုတစ်စုရဲ့ လူတစ်ယောက်ဆုံးသွားချိန်မှာ စာနာစိတ်ကင်းမဲ့လွန်းစွာ ငွေကြေးလောဘကို ဘဲကြည့်တတ်တဲ့လူမျိုး ကျွန်တော်တို့ ဗုဒ္ဓဘာသာထွန်းကားတဲ့၊ နှစ်ပေါင်း၊ မျိုးဆက်ပေါင်းများစွာ လူ့ယဉ်ကျေးမှု၊ လူ့သားချင်းစာနာတတ်တဲ့ စိတ်စေတနာတွေများပြားတဲ့ ကျွန်တော်တို့တိုင်းပြည်မှာဒီလိုလူမျိုးရှိတာ ကျွန်တော်တော်တောအံသြသွားတယ်။ စာဖတ်ပရိတ်သတ်ကြီးအနေနဲ့ ဒီလိုမျိုးကြုံလာပြီဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ ရက်အနည်းငယ် ကိုယ်ပေးလိုက်တဲ့ငွေကြေးကို သူကပြန်ပေးနေပြီလေ၊ သူ့များမိသားစုမှာလဲ ပရိဒေ၀မီးတောက်လောင်နေတဲ့အချိန် နေအိမ်အသိုက်အမြုံကိုတောင် ထပ်မံဖျက်စီးဖို့ စိတ်ဒုက္ခထပ်ပေးဖို့ ဆိုရင် စာဖတ်ပရိသတ်ကြီး လုပ်ရပ်မလား။
ကျွန်တော်အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်တယ်။ စရံပေးခဲ့တဲ့သူ ဘာကြောင့်လောဘတတ်နေတာလဲပေါ့။ သူမှာလဲ လောဘတတ်ရက်မယ့်အကြောင်းအရင်းရှိရင်လဲ ရှိမှာပေါ့။ ဘယ်လိုမျိုးကြောင့်လဲ ဖြစ်နိုင်ခြေရှိတာတွေကို။ ဒါပေမယ့် ကျွန်တော်အဲ့လောက်လောဘတတ်နိုင်တဲ့အခြေအနေမစဉ်းစားမိဘူး။ သူဒီငွေကြေးတွေ ပိုမိုယူလိုက်လို့ သူ့ဘ၀ ပြောင်းလဲသွားမှာလား။ မိသားစုတစ်စုလုံးရဲ့ စိတ်ဝေဒနာပေးပြီး ရခဲ့တဲ့ ဒီငွေကြေးတွေ ဘယ်လောက်ခံနိုင်မှာလဲ။ လောကသဘောတရားအရ တန်ပြန်နိယာမရှိတယ်။ အတုံပြီးအလှည့်။ အသွားပြီးအပြန်။ ပြုသူအသစ် ခံရသူအဟောင်းပါ။ စိတ်ဝေဒနာခံလိုက်ရတဲ့မိသားစုဟာလဲ အရင်အရင်ဘ၀များက သူတစ်ဖက်သားကို ပြုမူမိလို့နေမှာပါဘဲ။ ဒါပေမယယ့် ပြုသူအသစ်ဖြစ်တဲ့အတွက် ကျွန်တော်စုတောင်းပေးလိုက်ပါတယ် အသစ်အသစ်သော ဒုက္ခတွေပြန်လည်မဖြစ်ပေါ်ပါစေနဲ့လို့။ ခံခဲ့ရသူမိသားစုလဲ ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလို စိတ်ဒုက္ခမျိုးကို တစ်ကြိမ်တစ်ခါတည်းစုပြုံရရှိမှုမျိုးမကြုံပါစေနဲ့ သူတို့မိသားစုလဲ မပြုမူပါစေနဲ့လို့။ ကျွန်တော်လဲ ရေးသူအသစ်ဆိုတော့ ကျွန်တော်အလှည့်လဲရောက်ရင်ရောက်လာမှာ ဒါပေမယ့်ရောက်ပါစေဗျာ။ လူသားချင်းစာနာစိတ်များ လူတွေမှာပိုမိုထားတတ်လာရင် အခုလို အလှူအတန်း မပြတ်တဲ့ တာချီလိတ်မြို့၊ ဒါန၊ သီလ၊ ဘာဝနာ အမြဲမပြတ်စီးဆင်းနေတဲ့မြို့လေးမှာ လူလူချင်း လှည့်ပတ်ခြင်းက်ဝေးပါစေလို့စုတောင်းရင်း..........