တာချီလိတ် စည်ပင်မှ အရှည်ပေ ၁၇၀၀ ကျော်ရှိသည့် လမ်းအား ကတ္တရာခင်း

တာချီလိတ် စည်ပင်မှ အရှည်ပေ ၁၇၀၀ ကျော်ရှိသည့် လမ်းအား ကတ္တရာခင်း
ဇန်နဝါရီ 12, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက် အတွင်းမှ နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အများပြည်သူများ သွားလာရေး အတွက် အဆင်ပြေစေရန် ပေ(၁၇၀၀)ကျော် အရှည်ရှိသည့် ကတ္တရာလမ်းကို ခင်းကျင်းနေသည်ဖြစ်ရာ လမ်းခင်းနေမှုကို စည်ပင်သာယာရေးမှ တာဝန်ရှိသူများက လမ်းခင်နေမှု အနေအထားနှင့် ကြံ့ခိုင်မှု ရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသည့် ရန်အောင်မြေရပ်ကွက်၊

နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလမ်း ကတ္တရာခင်းခြင်းကို ပြည်နယ် စည်ပင်သာယာရေး ကော်မတီရုံးခွဲ (ကျိုင်းတုံ) တွဲဖက် အတွင်းရေးမှူး ဦးလုကာ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ တို့က ဇန်န၀ါရီလ(၁၂)ရက်၊ နံနက် (၁၀)နာရီခွဲက ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးကျော်ဇင် ၊ တာဝန်ခံအင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုး တို့က လမ်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြသည်။

အဆိုပါ  နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကတ္တရာလမ်းသည် အရှည် (၁၇၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၁၀.၅)လက်မရှိပြီး ရန်ပုံငွေကျပ် (၂၆,၇၂၄,၀၀၀)ဖြင့် အကုန်ကျခံ ဆောင်ရွက် လျက်ရှိပြီး၊ လမ်းခင်းပြီးပါက ယင်းရပ်ကွက်နေပြည်သူ(၃၂၀၀)ကျော် သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ ။  ။ စိုင်းလုံးကျော်
သတင်း ။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~