ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၅/၆/၇)ပါ တိုင်ကြားစာများအား ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အစည်းအဝေးအား တာချီလိတ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ၂၀၁၅ ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ ကြောင်းသိရသည်။
တာချီလိတ်လိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်မှ သိမ်းဆည်းခံမြေယာများတိုင်းကြားမှုပေါင်း (၂၆၈)မှုရှိပြီး တာချီလိတ်မြို့နယ်တွင် (၁၆၉)မှု၊ မိုင်းဖြတ်မြို့နယ်တွင် (၉၆)မှု၊ မိုင်းယောင်း(၃)မှု ရှိကြောင်း သိရသည်။ တိုင်ကြားထားသော မြေအမျိုးအစားများမှာ မြေလွတ်မြေရိုင်း၊ စိုက်ပျိုးမြေနှင့် တပ်ပိုင်မြေ တို့ဖြစ်ကြောင်းသိရသည်။
“မြေယာအရှုပ်အရှင်းတော်တော်များများက ပြည်သူလူထုကလဲ ဥပဒေကိုနားမလည်ဘူး၊ အဓိကတော့ မြေရာဇ၀င်အထောက်အထားခိုင်လုံမှုမရှိတာနဲ့ တစ်ချို့ ကိုယ်ကျိုးလောဘတွေပါလာတာတွေ့ရတယ်”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှပြောသည်။
တပ်ပိုင်မြေများအား တပ်မတော်မှတရားဝင် ပြန်လည်စွန့်လွတ်ခဲ့သော်လည်း မူလပိုင်ရှင်များထံ ရောက်ရှိခြင်းမရှိသေးကြောင်း၊ခေတ်အဆက်ဆက် မြေယာစီမံခန့်ခွဲမှုညံဖျဉ်းခြင်းနှင့် မြေယာပိုင်ဆိုင်သူများမှ ဥပဒေကြောင်းအရ မိမိတို့ပိုင်ဆိုင်ထားသောမြေမျာအား မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် ယခုအခု ၀ိရောဓိလွဲမှားစွာ ပိုင်ဆိုင်မှုပြဿနာများဖြစ်ပေါ်နေကြောင်း ဒေသခံများမှသိရသည်။