ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်ဒေသမြို့ဖြစ်တဲ့ တာချီလိတ်ခရိုင်မှာ (၂၂)ကျောင်းမြောက် ဖြစ်တဲ့ ဓမ္မစကူးလ်ကျောင်းတော်ကို တာချီလိတ်မြို့နယ်၊ တာလေမြို့မှာ အောင်မြင်စွာနဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်ပွဲမှာ မိုင်းလင်းဆရာတော်ဘုရားကြီးမှ ကြွရောက်ပြီး ချီးမြှင့်တော်မူပါတယ်။
တာချီလိတ်ခရိုင်အတွင်းမှာ ဓမ္မစကူးလ်ကျောင်းတော်ကို ၂၀၁၃ခုနှစ် သြဂုတ်လ ၁၈ရက်နေ့က စတင်ပြီး ဖွင့်လှစ်လာခဲ့ရာမှာ အခု ၂၀၁၅ခုနှစ် ဇန်န၀ါရီလထဲမှာဆိုရင် (၂၂)ကျောင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဓမ္မစကူးလ်ကျောင်းတော် တိုးချဲ့ဖွင့်လှစ်နိုင်ရေးနဲ့အတူ သင်ကြားမှု ဆရာ/မလုံလောက်စွာ ထားရှိနိုင်ရေးအတွက် ဆင့်ပွားဆရာဖြစ် ဓမ္မစကူးလ်သင်တန်းကိုလည်း ပို့ချသွားမှာဖြစ်ကြောင်း သိရပါတယ်။