တာချီလိတ်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ

တာချီလိတ်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရရှိ
ဇန်နဝါရီ 15, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်တွင် ယနေ့ ဇန်န၀ါရီလ(၁၅)ရက် နံနက်ပိုင်းက  စိတ်ကြွမူးယစ်ဆေးဝါး အပြား(၃၀၀)ကျော်ကို လက်ဝယ်တွေ့ရှိသူနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက်ရပ်ကွက် တော်ကော့(အပြင်)ရှိ၊ လမ်းသွယ်လမ်း၊ အမှတ် (တကပ/---)အား ၀င်ရောက်ရှာဖွေရာ ကာလတန်ဖိုး (၇၉၀၀၀၀)ကျပ်ရှိ စိတ်ကြွဆေးပြား (၃၁၆)ပြားကို တွေ့ရှိသဖြင့် အိမ်ပိုင်ရှင် လောက်အန်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

၂၀၁၄ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများမှာ စုစုပေါင်း (၁၇၄)မှုရှိပြီး ကျား (၁၉၅)ဦးနှင့် မ(၄၆)ဦး၊ စုစုပေါင်း (၂၄၁) ဦးအား တရားစွဲတင်ပို့နိုင်ခဲ့ပြီး အများဆုံး ဖမ်းဆီးရမိသော အမှုမှာ စိတ်ကြွဆေးပြား ဖမ်းဆီးမှုဖြစ်ပြီး၊ (၁၀၉)မှုရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်၏ မှတ်တမ်းများအရ သိသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~