အမေရိကန်မှ ရှေ့ခြေနှစ်ချောင်းမပါသည့် ခွေးလေး Underdog of the Year ဆု ရရှိ

အမေရိကန်မှ ရှေ့ခြေနှစ်ချောင်းမပါသည့် ခွေးလေး Underdog of the Year ဆု ရရှိ
ဇန်နဝါရီ 16, 2015
By Tachileik News Agency

အမေရိကန်နိုင်ငံ၊ အင်ဒီယာနာပိုလီမြို့တွင် လက်မပါဘဲ မွေးဖွားလာသည့် ခွေးလေး တာဗူရို ဟာ ဇန်န၀ါရီလ (၁၃)ရက်က “World Dog Awards”ဆုမှာ "Underdog of the Year”တစ်နှစ်တာဆုကို ရရှိခဲ့ပါတယ်။

ခွေးကလေး တာဗူရိုကို ၂၀၁၄ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးဖွားလာတဲ့ ခွေး(၅)ကောင် အနက် သူဟာ ရှေ့ခြေ(၂)ချောင်း မပါဝင်ပါဘူး။ ခွေးပိုင်ရှင် အသက်(၄၇)နှစ်အရွယ်ရှိတဲ့ Ms,Ronnette Wilson ဟာ ခွေးလေး တာဗူရိုမွေးဖွားလာချိန်မှာ ဘုရားတခဲ့ရပါတယ်။

Ms,Ronnette Wilson ရဲ့ရည်းစား  Jeff Wallace ဟာ ဖခင်များနေ့မှာ ခွေးလေး တာဗူရိုကို လက်ဆောင်အဖြစ် ဘီး(၂)လုံးပါတဲ့ ရှေ့လက်နှစ်ချောင်းကို ပေးခဲ့ပါတယ်။

ဒီပုံတွေကို လူမှုကွန်ယက် Instagram မှာ Followers ပေါင်း (၇၁၈၀၀)ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကို ရှေ့လက်ဘီးနှစ်ချောင်းနဲ့ ချစ်စရာခွေးလေး တာဗူရိုဆိုပြီး နာမည်ကြီးလာပါတော့တယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; techcrunch
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~