မြို့နယ်စာရေးဆရာအသင်းမှ တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည့်တိုက် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အနေဖြင့် ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဟောပြောမည့် စာရေးဆရာ ဒေါက်တာ ခင်မောင်ညို၊ စာရေးဆရာ ကောင်းသန့် နှင့် စာရေးဆရာမ ပုညခင် စသည့် (၃)ဦးသည် ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၁၇)ရက် ညနေပိုင်း (၄း၄၂)နာရီအချိန်တွင် တာချီလိတ်လေဆိပ်သို့ ရောက်ရှိလာရာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများက သွားရောက် ကြိုဆိုကြသည်။
ဆက်လက်၍ စာရေးဆရာ/မ (၃)ဦးသည် လေဆိပ်မှတဆင့် တာချီလိတ်မြို့နယ် ကိုယ်စားပြု ရည်ညွှန်းစာကြည့်တိုက်သို့ သွားရောက်ပြီး စာကြည့်တိုက်အား ကြည့်ရှုအားပေးပြီးနောက် တာချီလိတ်မြို့ ဘုရင့်နောင် ရင်ပြင်သို့ သွားရောက်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ခဲ့ကြသည်။
စာပေဟောပြောပွဲကို တာချီလိတ်မြို့နယ် အောင်မြတ်ခန်းမ၌ ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၁၇)ရက် ည(၇)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်