စာရေးဆရာ ဒေါက်တာခင်မောင်ညိုနှင့် ဆရာကောင်းသန့်တို့မှ အ.ထ.က(တာချီလိတ်) နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတို့တွင် ပညာရေးအသိပညာပေးသွား

စာရေးဆရာ ဒေါက်တာခင်မောင်ညိုနှင့် ဆရာကောင်းသန့်တို့မှ အ.ထ.က(တာချီလိတ်) နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတို့တွင် ပညာရေးအသိပညာပေးသွား
ဇန်နဝါရီ 19, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် ရည်ညွှန်းစာကြည့်တိုက် ဖွင့်ပွဲသို့ ရောက်ရှိလာသည့် စာရေးဆရာ/မများအနက် စာရေးဆရာ ဒေါက်တာ ခင်မောင်ညို နှင့် စာရေးဆရာ ကောင်းသန့်တို့သည် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားလိုသော ရည်ရွယ်ချက်ဖြင့် တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)နှင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း (တာချီလိတ်)တို့တွင် ပညာရေး အသိပညာပေး ဗဟုသုတများကို ဇန်န၀ါရီလ (၁၈)ရက် နံနက် (၁၀)နာရီခန့်က ဟောပြောခဲ့ကြသည်။

ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ယခုလို အောင်ချက်မြင့်မားရန် အတွက် လာရောက်ပြောကြား ပေးသည့်အတွက် ၀မ်းမြောက်ပါကြောင်း နှင့် ပြောသင့်ပြောထိုက် မှတ်သင့်မှတ်ထိုက်သော စကားများကို  မကြွင်းမကျန်ဘဲ ပြောကြားပေးပါရန်နှင့်အတူ ကျေးဇူးတင်စကား ပြောကြားသည်။

 ပညာရေး အသိပညာပေး ဟောပြောပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို အဓိကထား ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားစေရန် ၊ ဗဟုသုတ ကြွယ်ဝစေရန်အပြင် စိတ်ဓာတ်ကျချိန်မှာ ခွန်အားရစေရန် စာရေးဆရာ ကောင်းသန့်က "smile smile smile ever smile ၊ cry cry cry never cry ၊ try try try always try" ဟူသော တေးကဗျာကို ကျောင်းသား၊ ကျောင်းသူများအား ပညာလက်ဆောင်ပေးခဲ့သည်။

စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုက "ပညာကို ဆိုကရေးတီးလို့ရှာ ၊ စာမေးပွဲကို ဘုရင့်နောင် ဖောင်ဖျက်သလို ဖြေပြီးတော့ ဘ၀ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မြင့်မြင့်ထားပါ"ဟု ကျောင်းသား၊ ကျောင်းသူများအား အားပေးခဲ့သည်။

အဆိုပါ စာရေးဆရာနှစ်ဦးသည် တာချီလိတ်မြို့နယ်၏ ရည်ညွှန်းစာကြည့်တိုက်အား နံနက်ပိုင်း၌ ဖွင့်လှစ်ခဲ့ပြီးနောက် အထက်တန်းကျောင်း နှစ်ကျောင်းတို့တွင် ယခုလို ပညာရေးအသိပညာပေး ဟောပြောခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
စာရေးဆရာ ဒေါက်တာခင်မောင်ညိုနှင့် ဆရာကောင်းသန့်တို့မှ တာချီလိတ်၌..

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~