တာချီလိတ်မြို့ရှိ ပေါ်တော်မူကျောင်းလမ်းအား ကတ္တရာလမ်းအဖြစ် ခင်းကျင်း

တာချီလိတ်မြို့ရှိ ပေါ်တော်မူကျောင်းလမ်းအား ကတ္တရာလမ်းအဖြစ် ခင်းကျင်း
ဇန်နဝါရီ 20, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ မှ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ်တွင် ခွင့်ပြု ရန်ပုံငွေကျပ် (၃၀၈,၂၆၉,၂၀၀) ဖြင့် ဆောင်ရွက်လျက် ရှိသည့် မြို့ပြကတ္တရာခင်းခြင်း လုပ်ငန်း(၂၀)လမ်း၊ စုစုပေါင်း အရှည်(၃.၅)မိုင်အား သတ်မှတ် စံချိန်စံညွှန်းနှင့် အချိန်ကာလ အတွင်း ပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

( ပေါ်တော်မူကျောင်းလမ်း )

အဆိုပါ လမ်းများအား ကတ္တရာခင်းခြင်း လုပ်ငန်းများ အနက်မှ အရှည်ပေ (၅၀၀)နှင့် အကျယ်(၁၂)ပေရှိပြီး ထု (၁၀.၅)လက်မရှိသည့် ရန်အောင်မြေရပ်ကွက်ရှိ ပေါ်တော်မူ ကျောင်းလမ်းအား ကတ္တရာခင်းခြင်းအဖြစ် ရန်ပုံငွေကျပ် (၇,၈၆၀,၀၀၀) ဖြင့် ဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့် အဖွဲ့ဝင်များက ဇန်န၀ါရီလ (၁၉)ရက်၊ နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင် နှင့် တာဝန်ခံအင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုး တို့က လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေအား
ရှင်းလင်းတင်ပြကြောင်း သိရသည်။

( နောင်ခမ်းကျောင်းလမ်း )

ထို့အတူ အဆိုပါ ရန်အောင်မြေရပ်ကွက်အတွင်း၌မှာပင် နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အများပြည်သူများ သွားလာရေး အတွက် အဆင်ပြေစေရန် အရှည် (၁၇၀၀)ပေနှင့် အကျယ်(၁၂)ပေရှိပြီး ထု(၁၀.၅)လက်မရှိသည့် ကတ္တရာလမ်းကိုလည်း ခင်းကျင်းနေလျက် ရှိကြောင်း သိရသည်။

သတင်း ။  ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~