၂၀-၁-၂၀၁၅ ရက်နေ့ ၁၇၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၂)နေပြည်တော်မှ တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ ကွင်းပြင်အား ၀င်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် သောင်းထိုက် ထံမှ စိတ်ကြွဆေးပြား (၂၀)ပြားနှင့် ဘိန်းဖြူ(၀.၁)ဂရမ်ခန့်အား လည်းကောင်း၊ မူးယစ်ဆေးဝါး ၀ိုင်းဖွဲ့သုံးစွဲနေသည့် မျိုးသန့်(ခ)လူမင်း၊ ဆမ်နပ်၊ စိုင်းလှိုင်၊ သီဟ(ခ)ဖိုးခွား၊ စိုင်းလှကျော်၊ အိုက်အေး၊ ပြည့်ဖြိုးအောင် နှင့် စိုင်းအားလုံ တို့အား စိတ်ကြွဆေးပြား (၁၃)ပြားဖြင့် လည်းကောင်း၊ ၁၈၀၅ အချိန် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းမပေါ်တွင် အိုက်ရီ နှင့် စွမ်းကျူး(ခ)သိန်းဇော် တို့အား စိတ်ကြွဆေးပြား (၁၃၀)ပြား၊ ဘိန်းဖြူ(၀.၃)ဂရမ် ၊ ဘိန်းချေး (၁၀)ဂရမ်ခန့်တို့နှင့် လည်းကောင်း၊ ၁၈၂၅ အချိန် စွမ်းကျူး တည်းခို သည့် (၂၉)ဘတ် ဧည့်ရိပ်သာရှိ အခန်းအား စွမ်းကျူး အား ခေါ်ဆောင်ပြီး ဆက်လက်ရှာဖွေရာ အိုက်စ်(၀.၀၀၁)ဂရမ်ခန့်အား လည်းကောင်း သိမ်းဆည်း ရမိသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။
၂၀-၁-၂၀၁၅ ရက်နေ့တွင် တာချီလိတ်မြို့တွင် လူ(၁၁)ဦးအား မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ
Featured News
ဇန်နဝါရီ 30, 2025
ဇန်နဝါရီ 30, 2025
ဇန်နဝါရီ 28, 2025
ဇန်နဝါရီ 28, 2025
ဇန်နဝါရီ 23, 2025