တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု နာတာလိကျေးရွာတွင် ယနေ့ ဇန်န၀ါရီလ(၂၂)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ မူးယစ်တပ်ဖွဲ့စု(၁၀၂) နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် နယ်မြေခံ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တန်ဖိုးငွေ ကျပ်သိန်းတစ်ရာကျော်ရှိသည့် စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူတို့ကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။
တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု နာတာလိကျေးရွာရှိ အားမဲ(ကျား)၏ နေအိမ်အား အဆိုပါ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ အားမဲ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ရှာဖွေ သိမ်းဆည်းရမိတာဖြစ်ကြောင်း သိရသည်။
အားမဲ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်(၁၁၁)သိန်းကျော် တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၄၄၅၀)ပြား နှင့် အလေးချိန် (၁၆)ဂရမ်ရှိပြီး (၂၅၀၀၀၀)ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူတို့အား ရှာဖွေသိမ်းဆည်းရမိတာဖြစ်သည့်အတွက် လက်ဝယ်တွေ့ရှိရသူ အားမဲ(ကျား)အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၂၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။