နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး
ဇန်နဝါရီ 22, 2015
By Tachileik News Agency

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် တို့သည် ယနေ့ ဇန်န၀ါရီလ (၂၂ ရက်၊ မွန်းလွဲ ၁ နာရီက တာချီလိတ်မြို့ အောင်မြတ် ခန်းမ တွင် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊
မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲမှု များအား တတိယအဆင့်အရှိန်မြှင့်တင်မှုလုပ်ငန်းစဉ်(၆)အဖြစ် လယ်ယာကဏ္ဍမြှင့် တင်ရေးနှင့် တောင်သူလယ် သမားများ၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်(၉)ရပ်ကို ရှင်းလင်ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီး က ရှင်းလင်းပြောကြားရာတွင် လုပ်ငန်း(၉)ရပ်နှင့်ပတ်သက်ပြီး
အောက်ခြေအဆင့်မှ အမှန်တကယ်လိုအပ်ချက်များ စာရင်းပြုစုတင်ပြရန် လိုအပ်ကြောင်း၊
ပြည်သူ့အတွက် အမြန်အကျိုးဖြစ်တည်ရေး၊ ကော်မတီအဆင့်ဆင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်
ရမည်ဖြစ်ကြောင်း၊သို့မှသာ ဒေသမှဆောင်ရွက်နိုင်သည့်အပိုင်း၊ ပြည်နယ်အစိုးရမှဖြေရှင်းဆောင် ရွက်ပေးသည့်အပိုင်း၊ နိုင်ငံတော်မှ ဆောင်ရွက်ပေး ရမည့်အပိုင်း သိရှိမည်ဖြစ် ပါ ကြောင်း အကျယ်တ၀င့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် က ပြည်နယ်အတွင်း လုပ်ငန်းစဉ်(၉)ရပ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာချီလိတ်၊ မိုင်းဆတ် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်၊မိုင်းဖြတ်၊မိုင်းယောင်း မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လယ်ယာဏ္ဍမြှင့်တင်ရေး လုပ်ငန်းစဉ်(၉)ရပ် ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များ တင်ပြပြီး၊ မိုင်းဖြတ်မြို့နယ်စည်ပင်
သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေ က မိုင်းဖြတ်-မိုင်းယောင်း လမ်းဆုံတွင် သိမ်းဆည်းခံထားရသည့်လယ်ယာမြေများကိစ္စအား တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က နိဂုံးချုပ်အမှာ
စကားပြော ကြားပြီး၊ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

 Tachileik Online News ( www.tachileik.net  )