ရှမ်းပြည်နယ် အရှေ့ပိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်တွင် နိုင်ငံတော်၏ ပြုပြင်ပြောင်း လဲမှုများအား တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု လုပ်ငန်းစဉ်(၆)အဖြစ် လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင် အကောင်အထည်ဖေါ်ရေး တွေ့ဆုံပွဲ အား ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၂)ရက် နေ့လယ်ပိုင်းက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်တို့ တက်ရောက်ရာ ရှမ်းပြည်နယ်ရှေ့ပိုင်း နယ်စပ်ဒေသရှိ ခရိုင်(၂)ခရိုင်နှင့် မြို့နယ်(၅)မြို့နယ်တို့မှ အကောင်အထည်ဖေါ် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်နေသော အခြေခံ အဆောက်အအုံများဖြစ်သဖြင့် လုပ်ငန်းများ စံချိန်စံညွှန်းများနှင့် အညီသတ်မှတ်ချိန်အပြီး ဆောင်ရွက်ပေး နိုင်ခြင်းဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ လူမှုဘ၀ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သကဲ့သို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိုလည်း များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည့် အတွက် စေတနာထား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ပါသဖြင့် အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အချိန်မီ အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးပါက နယ်စပ်ဒေသနှင့် တိုင်းရင်းသား ပြည်သူများလည်း အကျိုးခံစားခွင့် အမြန်ဆုံးရရှိမည် ဖြစ်ပါကြောင်း၊ အောက်ခြေအဆင့်မှ အမှန်တကယ်လိုအပ်ချက်များ စာရင်းပြုစုတင်ပြရန် လိုအပ်ကြောင်း၊ ပြည်သူ့အတွက် အမြန်အကျိုးဖြစ်တည်ရေး၊ ကော်မတီအဆင့်ဆင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့မှသာ ဒေသမှဆောင်ရွက်နိုင်သည့် အပိုင်း၊ ပြည်နယ်အစိုးရမှ ဖြေရှင်းဆောင် ရွက် ပေးသည့်အပိုင်းနှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည့် အပိုင်းကို သိရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ နိုင်ငံတော်၏ ပြုပြင်ပြောင်း လဲမှုများအား တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု လုပ်ငန်းစဉ် (၆)အဖြစ် လယ်ယာ ကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘ၀မြှင့်တင် အကောင်အထည်ဖေါ်ရေး ရှမ်းပြည်နယ်အတွင်း စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများအား ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသော တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးများက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု လုပ်ငန်းစဉ်(၆)အဖြစ် လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀မြှင့်တင် အကောင်အထည် ဖေါ်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်