အမေရိကန်နိုင်ငံ မင်နီဆိုတာ ပြည်နယ်၊ ဘာနက်ဒိုတီမှာ နေထိုင်တဲ့ ရက်ကော်(စ)နာဆိုသူ အမျိုးသမီးဟာ (၁၉၇၈)ခုနှစ် ကတည်းကစပြီး သူမနေထိုင်တဲ့ (၁၇၀၀)စတုရန်းပေကျယ်တဲ့ အခန်းအတွင်းမှာ နွားရုပ်လေးတွေကို စုဆောင်းထားရှိရာမှာ အခုဆိုရင် (၇၅၁၆)ခုတောင် ရှိနေပြီဖြစ်ပါတယ်။
နွားရုပ်တွေအပြင် အိုးပုတ်ရုပ်လို မီးဖိုချောင်သုံး ကစားစရာ အရုပ်တွေနဲ့ သစ်သားနဲ့ လုပ်ထားတဲ့ အရုပ်တွေ အ၀တ်အစား၊ စာအုပ်၊ ဖယောင်းတိုင်၊ ကော်ဖီခွက်၊ ခဲတံ၊ နွားနဲ့ဆိုင်တဲ့ အရုပ်ပေါင်းစုံ (၇၅၁၆)ခုရှိပါတယ်။
ဒီလိုစုဆောင်းမှု များပြားလွန်းတဲ့ အတွက် နွားနဲ့ပါတ်သတ်တဲ့ အရုပ်ပေါင်းစုံ စုဆောင်းသူများတွင် အများဆုံးဖြစ်တဲ့ အတွက် ကမ္ဘာ့မှတ်တမ်းစာအုပ်၊ ဂရင်းနစ်မှတ်တမ်းမှာ နွားရုပ်အများဆုံး စုဆောင်းနိုင်သူအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်။
ဘာသာပြန်။ ။ ဇက်(Z)
Ref; World Record Academy