တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်၊ Hangzhouမြို့၌ ဖွင့်လှစ်လိုက်သည့် Apple အရောင်းဆိုင်ဖွင့်ပွဲတွင် လူအများအပြား တိုးဝှေ့ဝယ်ယူကြကြောင်း သိရသည်။
ဇန်န၀ါရီ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် Apple အရောင်းဆိုင်ဖွင့်လှစ်ခဲ့ရာ ရောင်းအား အလွန် အကောင်းဆုံးနှင့် Apple အရောင်းဆိုင်၏ အရှေ့တွင် အာရှတိုက်၏ Apple Customers အကြီးဆုံး လူစုလူဝေးကြီးဖြစ်သွားကြောင်း သိရသည်။
တရုတ်နိုင်ငံ ပြည်တွင်းမှာ (၁၄)ဆိုင်မြောက်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မီတာ(၃၀၀၀)ဧရိယာ အတွင်းလူများ စုပြုံသွားကြောင်းသိရသည်။
“တရုတ်နိုင်ငံ တစ်ချို့နေရာ တွေမှာတော့ ဖွင့်ထားပြီးပြီ Hangzhou မြို့မှာတော့ ပထမဆုံးဖွင့်တာပါ”ဟု Apple CEO Mr,TimCook ဖွင့်ပွဲတွင် ပြောခဲ့သည်။
တရုတ်နိုင်ငံအတွင်း ဈေးကွက်တွင် အကြီးဆုံး နည်းပညာ ကုမ္ပဏီဖြစ်တဲ့ Alibaba ကုမ္ပဏီ၏နောက်တွင် Apple ဈေးကွက်ကပ်လိုက်နေကြောင်း တရုတ်နှစ်သစ်ကူးတွင် ၀ယ်လိုအားပိုမိုများပြားလာနိုင်ကြောင်း သိရသည်။
ဘာသာပြန်။ ။ ဇက်(Z)
Ref; CCTVNEws