အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ ပထမဆုံးအကြိမ်အဖြစ် ကြီးမှူးကျင်းပသည့် မြို့လုံးကျွတ် သံဃာကုန်ဆွမ်းလောင်းပွဲကို ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက် နံနက်(၆)နာရီခွဲ အချိန်က စုပေါင်းလောင်းလှူကြရာ ဆရာတော်၊သံဃာတော်၊ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၇၀၀)ကျော် ကြွရောက်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မူသည်။
"အခုလို ကျောင်းအနေနဲ့ တာချီလိတ်မြို့နယ်လုံးကျွတ် သံဃာတော်များကို ဆွမ်းလောင်းတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်.."ဟု ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းက ပြောသည်။
“အသင်းအဖွဲ့ကနေ သံဃာတော်များကို သွားလာ အဆင်ပြေအောင် အသင်းက ယာဉ်တွေနဲ့ ကြိုပို့ပေးပြီး ၊ ဧည့်သည်များ အတွက်လည်း ဧည့်ခံရန် ကူညီဆောင်ရွက်ပေးပါတယ်”ဟု အလင်းရောင်ပရဟိတသင်းမှ ကိုမောင်ဝင်းက ပြောသည်။
“အခုလိုမျိုး ကျောင်းအနေနဲ့ ဆွမ်းလောင်းတာဟာ ကောင်းပါတယ် ၊ ကလေးတွေရင်ထဲမှာ လှူချင်စိတ်တွေ ပေါ်ပေါက်စေတာပေါ့ ၊ ကလေးက အခု အငယ်တန်းဆိုတော့ ငယ်သေးတော့ ကမှောက်ကမ မဖြစ်အောင် အရင်ဆုံး သူတို့နဲ့ အတူ ဆွမ်းလာလောင်းပေးတာပါ..”ဟု ကျောင်းသားမိဘ တစ်ဦးကပြောသည်။
ပုံများကိုကြည့်ရန်