အထက်မြန်မာပြည် အမှတ်(၂)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ နှုတ်မိန့်ဖြင့် ညွှန်ကြားချက်အရ အခြေခံပညာကျောင်းများ၏ ထက်/လယ်/မှု ဘာသာရပ်အလိုက် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ တတိယအပတ်ထဲမှာ စတင်တော့မှာဖြစ်ကြောင်း ပညာရေးဦးစီးဌာနမှ သိရသည်။
သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဌမတန်း နှင့် သတ္တမတန်းတို့ကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၃)ရက်နေ့ အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုကြမှာဖြစ်ပြီး အစိုးရစစ် အနေဖြင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို တစ်ရက် တစ်ဘာသာနှုန်းဖြင့် ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိ ဖြေဆိုစေမှာ ဖြစ်ကြောင်း သိရသည်။
မတ်လ(၅)ရက် မှ မတ်လ(၇)ရက်နေ့ အထိတွင် န၀မတန်း နှစ်ဆုံးစာမေးပွဲကို တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုမှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက်နေ့အထိတွင် ဒသမတန်း အစမ်းစာပေးပွဲကို ဖြေဆိုကြမှာ ဖြစ်ကြောင်း သိရသည်။