အမိမြေကို ကာကွယ်ပေးနေသူ တပ်မတပ်သားများအတွက် ပူးပေါင်းပါဝင် လှူဒါန်း ထောက်ပံ့ကြပါစို့....

အမိမြေကို ကာကွယ်ပေးနေသူ တပ်မတပ်သားများအတွက် ပူးပေါင်းပါဝင် လှူဒါန်း ထောက်ပံ့ကြပါစို့....
ဖေဖော်ဝါရီ 14, 2015
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အနီး လောက်ကိုင်ဒေသအတွင်း စစ်ဖြစ်ပွားနေသော အမိမြေအတွက် အသက်သွေး ချွေးများပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ ၊ တိုက်ပွဲဝင်လျက်ရှိသော တပ်မတော်သားများ နှင့် တိုက်ပွဲအတွင်း အသက်ပေးသွားကြသော အရာရှိအရာခံ အကြပ် စစ်သည်များ၏ ကျန်ရစ်သူ မိသားစုများအတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများကို တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဒေသခံပြည်သူများ၊ စေတနာရှင်များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့ဖြင့် စုပေါင်း၍ အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် စေတနာရှင် ပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ရန် အလှူငွေ သို့မဟုတ် ထောက်ပံ့ပစ္စည်းများကို တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှူဒါန်းလိုသူများ အနေဖြင့် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့ရုံး(ဖော်ပြပါလိပ်စာ)သို့ ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပြီး ထောက်ပံ့စ္စည်းများအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့နောက်ဆုံးထား၍ လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ပြီး အလှူငွေများအား မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထား၍ လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြိုနယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံး
အကောက်ခွန်ရုံးဘေး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ ၀၈၄-၅၁၆၃၀၊ ၀၉-၂၅၄၃၃၈၀၀၈

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~