အများပြည်သူ အသုံးပြုနေတဲ့ ၀ိုင်ဖိုင် hotspots တွေကို ပစ်မှတ်ထားပြီး ဟက်ကာများမှ တိုက်ခိုက်လာ

အများပြည်သူ အသုံးပြုနေတဲ့ ၀ိုင်ဖိုင် hotspots တွေကို ပစ်မှတ်ထားပြီး ဟက်ကာများမှ တိုက်ခိုက်လာ
ဖေဖော်ဝါရီ 18, 2015
By Tachileik News Agency

တရုတ်နိုင်ငံက ဟက်ကာတွေဟာ အများပြည်သူ အသုံးပြုနေတဲ့ ၀ိုင်ဖိုင် hotspots တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

( Wifi hotspots တွင် ဖုန်းဖြင့် အင်တာနက် အသုံးပြုနေပုံ Photo: CCTVNEWS )

မစ္စတာလီ တစ်ယောက်ဟာ အများသုံး Wifi hotspots နေရာမှာ သူရဲ့ဖုန်းကို အသုံးပြုနေရင်း ဖုန်းဟာ လေးလံလာပြီး သူ့ဟာသူ အော်တိုမစ်တစ် ၀က်ဆိုဒ်တွေကို ၀င်နေပါတယ်၊ ဖုန်းဟာ အလိုအလျှောက် Log in တွေဝင်ပြီး ဖုန်းဟာလဲ ပုံမှန်မဟုတ်တော့တာ တွေ့နေရတယ်လို့ပြောပါတယ်။

“ကျွန်တော် ဗိုင်းရပ်(စ်)တွေကို တော်တော်ကြောက်သွားတာ၊ ကျွန်တော်ဒီဖုန်းနဲ့ဘဲ ဂိမ်းဆော့တယ်၊ ဈေးဝယ်တယ်၊ ဘဏ်အကောင့်တွေကအစ အားလုံးဒီဖုန်းနဲ့ မှတ်ပုံတင်ထားတာ”လို့ မစ္စတာလီက ပြောပါတယ်။

သူ့ ဖုန်းဟာ ပုံမှန်မဟုတ်တော့တဲ့ အတွက် လုံခြုံရေးချိုးဖေါက်ခံရပြီလို့ ယုံကြည်လိုက်ပါတယ်။ ဖုန်းကို လုံခြုံရေး စစ်ဆေးပြီးသွား ရောက်ပြင်ဆင်လိုက်ပေမယ့် စိတ်ထဲလုံခြုံမှုမရှိတော့လို့ လက်ကိုင်ဖုန်းနောက်တစ်လုံး ၀ယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တကယ်လို့သင်ဟာ အများသုံး Wifi hotspots မှာ ဖုန်းအသုံးပြုမယ်ဆိုရင် သင့်ဖုန်းကို personal privacy တွေကို ကောင်းမွန်စွာ နားလည်ပြီး ပိတ်သင့်တာ ပိတ်ထားရမယ်လို့ အကြံပေးပါတယ်။

အများသုံး Wifi နဲ့ ဈေးဝယ်ခြင်း၊ ငွေပေးချေခြင်းတို့ လုံးဝမပြုလုပ်သင့်ပါဘူး။ အင်တာနက်ဆိုင်ရာ လုံခြုံရေး ကျွမ်းကျင်သူ မစ္စတာ ချန်ဇင်ဝေ ကတော့ Hacker အများစုဟာ Mobile ဖုန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေဟာ ပိုမိုများပြားလာပါတယ်လို့ ပြောဆိုထားပါတယ်။

အများသုံး Wifi ကွန်ယက်မှာ မိုဘိုင်းဖုန်းဟာ application တစ်ခုကို လွယ်ကူစွာ အော်တိုမစ်တစ် Download ဆွဲနိုင်ပြီး ကိုယ်ဘာမှ မသိလိုက်တဲ့ အချိန်မှာ ကိုယ်ပိုင်အချက်အလက်တွေကို ဟက်ကာတွေက ယူဆောင်သွားပြီးပါပြီလို့ ပြောပါတယ်။

ဟက်ကာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဆော့ဝဲတွေနဲ့ အများသုံး Wifi ကွန်ယက်မှာ ဖုန်းတွေနဲ့ ကွန်ပြူတာတွေကို အသုံးပြုပြီး အချိန်ခဏလေး အတွင်းမှာ ဘဏ်အကောင့်တို့ Passwordတို့ ကိုယ်ရေး အချက်အလက်တွေ ရယူနိုင်တယ်လို့လဲ ပြောပါတယ်။

ရုံးတွေနဲ့ ကုမ္ပဏီတွေမှာ Wifi router တွေကို password ပုံမှန် ချိန်းပေးဖို့ Password တွေကိုလဲ ရိုးရှင်းလွယ်ကူတဲ့ စာလုံးတွေ မဟုတ်ဘဲ သင်္ကေတနဲ့ အက္ခရာတို့ နံပါတ်တို့ အမြဲတွဲပြီးပေးဖို့ သူက အကြံပြုထားပါတယ်။

အများသုံး Wifi ကွန်ယက်ဟာ အနာဂါတ်မှာ ဟက်ကာတွေ အတွက် စားကျက်ကွင်းကြီး ဖြစ်လာနိုင်တယ်လို့လဲ သတိပေးပြောကြားသွားပါတယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref; CCTVNEWS

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~