တာချီလိတ် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသား(၂၀)ဦးအား သင်္ကန်းစည်းပေးမည်ဖြစ်ရာ လူကြီး လူငယ်မရွေး အမြန်ဆုံး စာရင်းပေးသွင်းနိုင်

တာချီလိတ် ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသား(၂၀)ဦးအား သင်္ကန်းစည်းပေးမည်ဖြစ်ရာ လူကြီး လူငယ်မရွေး အမြန်ဆုံး စာရင်းပေးသွင်းနိုင်
ဖေဖော်ဝါရီ 19, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဆင်းရဲနွမ်းပါးပြီး ရှင်မပြုရသေးသောသူ အမျိုးသား(၂၀)ဦးအား မြင့်မြတ်သည့် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက် လှူဒါန်းပေးသွားမည် ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ အနေဖြင့် တာချီလိတ်မြို့တွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ ဆက်သွယ်၍ ဖေဖော်ဝါရီလ(၂၃)ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

လိုအပ်ချက်များအနေဖြင့်....
(က) အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများ ဖြစ်ရမည်။
(ခ) မိဘများမှ အမှန်တကယ် ဆင်းရဲနွမ်းပါးသူ ဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံး ရက်သတ္တပတ်(၁)ပတ်ကြာခန့် သင်္ကန်းစည်းနိုင်သူ/၀ိနည်းတော်နှင့်အညီ စည်းကမ်းတကျနေထိုင်နိုင်သူဖြစ်ရမည်။

သို့ဖြစ်၍ တာချီလိတ်မြို့ရှိ စေတနာရှင်များ အနေဖြင့်လည်း ရှင်လောင်း တစ်ပါးလျှင် ဘတ်(၄၀၀၀)နှုန်းဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နှင့် ပါဝင်လှူဒါန်းလိုသူများ၊ သင်္ကန်းစည်းမည့် အမျိုးသားများ၊ ကလေးသူငယ်များ အနေဖြင့် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~