ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ကျပ်(၉၈)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။
မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၈)အ၀င် ကွတ်ခိုင် - ကောင်းခါးသွား ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ ဖေဖော်ဝါရီလ (၁၉)ရက် ညနေ(၅)နာရီ အချိန်ခန့်က စောင့်ဆိုင်းပြီး မသင်္ကာဖွယ်ရှိသည့် ကား/ဆိုင်ကယ် စသည့် ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေစဉ် ကောင်းခါးမြို့သစ်ဘက်မှ ကွတ်ခိုင်ဘက်သို့ စိုင်းဘဥာဏ် မောင်းနှင်ပြီး စိုင်းထွန်းစိန် နှင့် နန်းညွှန်အေး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဖြူမှုန့်များကို ရှာဖွေ သိမ်းဆည်းရမိတာ ဖြစ်ကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့မှ သိရသည်။
ထိုသို့ ရှာဖွေမှုဖြင့် သုံးယောက်စီးနင်းလာသည့် မော်တော်ဆိုင်ကယ် ဂွကြားရှိ ဘေးလွယ်အိတ်အတွင်းမှ 88 နှင့် 1 စာတန်း တစ်ဖက်စီပါသည့် ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀)ပြား နှင့် အလေးချိန် (၁၈၀)ဂရမ်ခန့်ရှိ ဘိန်းဖြူမှုန့်များကို တွေ့ရှိရသည့် အပြင် စိုင်းထွန်းစိန် ၀တ်ဆင်ထားသည့် အနွေးအင်္ကျီ င်္ီအိတ်ကပ်အထဲမှ အလေးချိန်(၁၉၂)ဂရမ်ရှိသည့် ဘိန်းဖြူမှုန့်များကိုလည်း ရှာဖွေတွေ့ရှိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများကို ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မယ(ပ)၁၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။