တာချီလိတ်မြို့တွင် ဆိုင်ခန်းဈေးနှုန်းများ အဆမတန်မြှင့်တက်မှုကြောင့် စီးပွားရေးလုပ်ငန်းအမှန်တကယ် လုပ်ကိုင်လိုသူများ အခက်အခဲကြုံတွေနေရကြောင်းသိရသည်။
“ပါလျှံအခွန်လွတ်ဈေးတုန်းက တစ်ကယ်ရောင်းမဲ့ဈေးသည်တွေထက် ဈေးမရောင်းပဲဆိုင်ခန်းတွေကို အမြတ်ပြန်တင်ရောင်းချဖို့ ကိုင်ထားတဲ့သူတွေကြောင့် ဈေးရောင်းချင်တဲ့သူတွေက နေရာမရပဲအခက်အခဲတွေ့နေရတယ် နောက်ဆုံးဈေလဲ မစည်တော့ဘဲ တကယ် ဈေးရောင်းတဲ့သူတွေ လက်မြှောက်အရှုံးပေးပြီးထွက်ခွါသွားကြတယ်”ဟု လွိုင်နမ့်ခုံးကုန်စည်ပို့ဆောင်ရေးမှ မထွေးပြောသည်။
တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများမှရသောငွေများနှင့် တရားမ၀င်လမ်းကြောင်းမှ စီးဝင်လာသောငွေကြေးများအား စီးပွားရေးအား အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ မြေများနှင့်တိုက်ခန်းများပေါ်တွင် ငွေကြေးများ ထည့်သွင်းထားခြင်းကြောင့် အမှန်တကယ်လုပ်ကိုင်လိုသူများမှ အခြေခံရင်းနှီးမြှုပ်နှံမှုဖြစ်သော နေရာအား အဆမတန် ငွေကြေးများပေး၍ ငှါးရမ်းနေရခြင်းကြောင့် ရေရှည် အလုပ်လုပ်ကိုင်ရန် အစဉ်မပြေဖြစ်ကြောင် ဒေသခံများထံမှသိရသည်။
“ဆေးခန်းဖွင့်ဖို့ အခန်းရှာတာ လုံးဝမရဘူး ဟိုးချောင်ကြားတွေတော့ မပြောတတ်ဘူး၊ လူစည်နိုင်မယ့်နေရာဆိုရင် အခန်းခတွေကလည်း ခေါင်ခိုက်နေတာပဲ
တချို့ဆိုင်တွေများဆို ရောင်းလည်းမရောင်းရဘဲ ဒီလောက်ဈေးကြီးတဲ့ အခန်းတွေ အပြုံးမပျက်ဆက်ငှားနေကြတာ အံ့သြစရာပဲ”ဟု ဆရာဝန်တစ်ဦးမှပြောသည်။
ဆိုင်ခန်းငှါးရမ်းခများမှာ ဗိုလ်ချုပ်လမ်းမနှင့် မြို့တွင်းရပ်ကွက်များ၌ တစ်ခန်း ဘတ်(၆၀၀၀)မှ ဘတ်(၃၅၀၀၀)အထိရှိကြောင်း၊ လူနေအိမ်ခန်းတစ်ခန်းလျှင် ဘတ်(၂၅၀၀)မှ ဘတ်(၆၀၀၀)ခန့်ရှိကြောင်း အခန်းများအား ပွဲစားများဖြင့် ရှာဖွေရခြင်းမရှိဘဲ အခန်းပိုင်ရှင်နှင့် ညှိနှိုင်း၍ ငှါးရမ်းခြင်းဖြစ်ကြောင်း အခန်းငှါးခအား စပေါ်ငွေအဖြစ် (၁)လစာမှ (၆)လစာအထိ အနည်းဆုံး ကြိုတင်ငွေပေး၍ ငှါးရမ်းရကြောင်းနှင့် ငွေကြေးအများအပြားပေး၍ ငှါးရမ်းသူများမှာ လောင်းကစားရုံနှင့် တရားမ၀င်လုပ်ငန်းများလုပ်ကိုင်ရန် အတွက်ငှါးရမ်းကြခြင်း ဖြစ်ကြောင်း ဒေသခံများမှသိရသည်။
ဆိုင်ခန်းခ
Featured News
ဇန်နဝါရီ 30, 2025
ဇန်နဝါရီ 30, 2025
ဇန်နဝါရီ 28, 2025
ဇန်နဝါရီ 28, 2025
ဇန်နဝါရီ 23, 2025