ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် နှစ်အလိုက် ပညာသင်နှစ်များအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လျှင် ဂုဏ်ပြုဆုငွေအဖြစ် ကျပ်သိန်း(၃၀)ချီးမြှင့်မည့် အပြင် စင်္ကာပူနိုင်ငံသို့ လေ့လာရေးခရီးအဖြစ် လိုက်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ပထမဆုံးဖွင့်လှစ်ထားရှိသည့် ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်သော တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများဟောင်းများကို ၂၀၁၅ခုနှစ် မတ်လ (၁)ရက်နေ့မှ မတ်လ (၁၅)ရက်နေ့အထိ လက်ခံနေပြီး ကျောင်းသား၊ ကျောင်းသူ အသစ်များကို မတ်လ (၁၆)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ အထိ အရေအတွက်ကန့် သတ်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။
သင်ကြားရေး အစီအစဉ်များ နှင့် ပတ်သက်၍ "သက်ဆိုင်ရာ အတန်းအလိုက် အခြေခံပညာ အတန်းစာများအပြင် အပိုဆောင်းအနေဖြင့် ပထမတန်းမှ သတ္တမတန်း အထိကို ထိုင်းစကားပြောနဲ့ အင်္ဂလိပ်စကားပြောကို မသင်မနေရ ဘာသာရပ် အနေနဲ့ အပိုဆောင်း သင်ကြားပေးပါတယ်..”ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။
အတန်းကြီးများဖြစ်သော အဋ္ဌမတန်း၊ နဝမတန်း၊ ဒဿမတန်းတို့အား ဘာသာရပ် သင်ဆရာ၊ ဆရာမများမှ သင်ကြားပေးနေစဉ် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သော Guide များဖြင့် လိုအပ်သလို စောင့်ကြပ်သင်ကြားပေးလျက်ရှိပြီး ညစာကြည့်ချိန်တွင် နားမလည်သည့် ဘာသာရပ်များကိုလည်း ပြန်လည်သင်ကြားပေးကြောင်း သိရသည်။
အတန်းငယ်များဖြစ်သော သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို အခြေခံ စာရေးနည်းမှ အစ နိုင်ငံတကာ အဆင့်မီ သင်ကြားရေးနည်းစနစ်များဖြင့် သင်ကြားပေးလျက်ရှိပြီး ပထမတန်းမှ အဋ္ဌမတန်းအထိ နေ့စဉ် သင်ကြားမှုများအား အပိုဆောင်း အချိန်ဖြင့် ကျောင်းတွင်း၌ပင် သင်ကြားမှု၊ ကျက်မှတ်မှု၊ လေ့ကျင့်မှုများကို ဆောင်ရွက်ပေးကြောင်း သိရသည်။
ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်၍ ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ကြားရေး တစ်ခုတည်းမဟုတ်ဘဲ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ အားကစားနှင့်ကာယပညာ၊ လုံခြုံရေးမှစ၍ အဆင်ပြေစေရန် စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် အထူးအစီအစဉ်များအနေဖြင့် သူငယ်တန်းမှ ဒဿမတန်းအထိကို ကျောင်းအိပ်၊ ကျောင်းစား(ဘော်ဒါ)နှင့် နေ့တက်(တန်းခွဲများ)အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒဿမတန်း ဂုဏ်ထူးရှင်များအတွက် နှစ်စမှ အရည်အချင်းစစ်ကာ သီးသန့်အတန်း(Special Class)ခွဲကာ ကြပ်မတ်သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း နှင့် အဋ္ဌမတန်း နှင့် ဒဿမတန်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ညစာကျက်ဝိုင်းသို့ မဖြစ်မနေတက်ရောက် ကျက်မှတ်ရမှာဖြစ်ပြီး ကျန်အတန်းများအတွက် နေ့စာသင်ခန်းတွင်ပင် အပြီးလေ့ကျင့်ပေးမည်ဖြစ်ပြီး ဆန္ဒရှိပါက ညစာကျက်ဝိုင်းသို့ လာရောက်ကျက်မှတ်နိုင်မှာဖြစ်ကြောင်းအပြင် သူငယ်တန်းမှ ဒသမတန်းအထိ လိုအပ်သော သင်ကြားပို့ချမှု၊ လေ့ကျင့်ကျက်မှတ်မှုများကို ပြည့်စုံစွာ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အဆိုပါ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အပိုဆောင်း ငွေထပ်သွင်းရန်လိုမှာ မဟုတ်ကြောင်း ကျောင်းအုပ်ဆရာကြီး၏ ရှင်းပြချက်အရ သိရသည်။
ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်အဖြစ် ဧပြီလ(၁)ရက်နေ့မှ စ၍ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူ၊ အသစ်/အဟောင်းများကို မတ်လအတွင်း ကျောင်းအပ်လက်ခံနေပြီဖြစ်သည့်အတွက် ကျောင်းအပ်မှုများနှင့် ပတ်သက်၍ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ရုံးခန်းတွင် အသေးစိတ် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရန်လိပ်စာ
အမှတ်(၂/၂၉၂)၊ မေဖလားဝါးကွင်း၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ ။ 092-1864164၊ 092-1864163၊ 090-873042757၊ 099-2973959
မြန်မာဖုန်း။ ။ 084-52334၊ 09-428233344၊ 09-252356699