ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ Doi Pui Mong ကျေးရွာအတွင်း ဘိန်းများစိုက်ပျိုးထားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း ချင်းမိုင် City News မှ ဖော်ပြထားသည်။
ရွာသားများ၏ ပြောကြားချက်အရ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများသည် ဓါတ်ပုံတစ်ခါရိုက်လျှင် ဘတ်(၁၀၊ ၂၀)ပေး၍ ဘိန်းပင်နှင့် ပန်းပွင့်ပုံအား ဓါတ်ပုံရိုက်ကြောင်း သိရသည်။
ဘိန်းပင်မှ အသီးအား ခြစ်၍ အဆီများထုတ်ယူကာ ဘိန်းအားထုတ်လုပ်လျှက်ရှိကြောင်း စွပ်စွဲချက်များအရ ရဲတပ်ဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့သော်လည်း ဘိန်းပင်များအား ဖယ်ရှားခဲ့ပြီး အခြားပန်းပင်များ အစားထိုး စိုက်ပျိုးခဲ့ပေမဲ့လည်း တာဝန်ရှိသူများက ဒေသအတွင်း လှည့်လည်ကြည့်ရှုစဉ်တွင် ကွင်းပြင်များအတွင်း ဘိန်းပင်၏ အကြွင်းအကျန်များကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
မသမာသူများ အနေဖြင့် ဘိန်းစိုက်ပျိုးခြင်းအား မပြုလုပ်နိုင်ရန် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုမှ ဒေသခံရဲများအား အထောက်အထား သတင်းအချက်အလက်များ စုဆောင်းကာ ဆက်လက် စုံစမ်းမှုများပြုလုပ်ရန်ညွှန်ကြားထားကြောင်း သိရသည်။
ဒေသခံများအား ဘိန်းပင်များ စိုက်ပျိုးခြင်း မပြုရန်နှင့် ဘိန်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့် ပတ်သက်သာ အသိပညာပေး လုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိကြောင်းဖေါ်ပြထားသည်။
ဘိန်းစိုက်ပျိုးခြင်းအား ခရီးသွားလာရေးလုပ်ငန်း အထောက်အကူပြုစေရန်အတွက် စိုက်ပျိုးရန်ခွင့်ပြုထားခြင်း မရှိကြောင်းနှင့် မည်သည့်အတွက်ကြောင့်မျှ စိုက်ပျိုးခြင်းအား ခွင့်ပြုမည် မဟုတ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားထားကြောင်းသိရသည်။
ဘာသာပြန်။ ။ ဇက်(Z)
Ref; chiangmaicitynews.com