ကျပ် (၁၈)သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တာချီလိတ်မြို့အ၀င်၌ ဖမ်းဆီးသိမ်းဆည်း

ကျပ် (၁၈)သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ တာချီလိတ်မြို့အ၀င်၌ ဖမ်းဆီးသိမ်းဆည်း
မတ် 6, 2015
By Tachileik News Agency

တာချီလိတ်မြို့အ၀င် လွယ်တော်ခမ်းပူးပေါင်းဂိတ်တွင် ယနေ့ မတ်လ(၆)ရက် နေ့လယ်ပိုင်းက တန်ဖိုး ကျပ်(၁၈)သိန်းကျော်ရှိ စိတ်ကြွဆေးပြားများအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁၀၂)နေပြည်တော်နှင့်၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အရိုး(ကျား)မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ လွယ်အိတ်အတွင်း၌ ကာလတန်ဖိုးငွေ ကျပ်(၁၈.၇၅)သိန်းရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား(၇၅၀)ပြားကို တွေ့ရှိသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန် တာချီလိတ် ရဲစခန်းတွင် မယ(ပ)၄၇/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ ကြော်ငြာ ~~~~~~~~~