သန္လ်င္သဘာ၀တရားရိပ္သာ

သန္လ်င္သဘာ၀တရားရိပ္သာ
မတ် 7, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာ အနီးတွင် သန်လျင်မြို့ရှိ သန်လျင်သဘာဝတရားရိပ်သာမှ ဆရာတော် ဦးဥတ္တမသာရအား တာချီလိတ်မြို့ “လွယ်တော်ခမ်း သဘာဝတရားရိပ်သာ”အဖြစ် ဆောက်လုပ်ရန်အတွက် မြေ(၄)ဧကခန့်အား အလှူရှင်မိသားတစ်စုက လှူဒါန်းခဲ့ကြောင်းသိရသည်။

တာချီလိတ်ဒေသအတွင်း ဗုဒ္ဓသာသနာတော် စည်ပင်သာယာရန်အတွက်နှင့် တကယ်လိုအပ်နေသူ များ အတွက်လိုအပ်သည့် နေရာတစ်ခုဖြစ်ပေါ်စေရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆရာတော်၏ လုပ်ဆောင်ချက်များအား နောက်ပိုင်းမှ သိရသည့်အတွက် ပိုမိုဝမ်းမြောက်မိကြောင်းနှင့် အလှူရှင်မိသားစုမှာ ဦးနော်ခမ်း၊ ဒေါ်ဝင်းလှ နှင့် သားများဖြစ်ကြသော စိုင်းဆိုင်လွန်ခမ်း၊ စိုင်းဆိုင်ဖွဲ့ တို့ဖြစ်ကြောင်း၊ ၎င်းပိုင်ဆိုင်သည့် မြေဧက(၈)ဧကခန့်မှ တစ်ဝက်တိတိအား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် မတ်လ (၁၈)ရက်နေ့တွင် ဆရာတော် တာချီလိတ်မြို့သို့ရောက်ရှိချိန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။

“တာချီလိတ်မြို့မှာ လေလွင့်လူတွေတစ်အားများတယ် သူတို့ကျန်းမာရေးမကောင်းတာကို ကျွန်တော်တို့ လူမှုကူညီရေးအသင်းတွေက ဆေးရုံတင်ပြီး အခမဲ့ကုသပေးနိုင်ပေမယ့် သူတို့နေရာတစ်ခုအတွက်တော့ ဖန်တီးမပေးနိုင်ဘူး၊ အခုလို ဖြစ်ပေါ်လာမယ်ဆိုတော့ တကယ်ဝမ်းသာပါတယ်”ဟု တာချီလိတ် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေမှ ပြောသည်။

မြေနေရာအား ပိုင်ရှင်(၃)ဆင့်ခန့်ပြောင်းလဲပြီးဖြစ်ကြောင်း၊ လက်ရှိပိုင်ဆိုင်သူမှာ (၆)နှစ်ခန့်ရှိပြီဖြစ်ကြောင်း တပ်မတော်မှ သိမ်းပိုက်ထားသည့်မြေဖြစ်ပြီး ပြန်လည်စွန့်လွတ်ထားသောမြေဖြစ်ကြောင်း၊ လက်ရှိတွင် မြေနေရာဧကအတိအကျဖြစ်စေရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများ ရရှိရန် လိုက်လံလုပ်ဆောင်နေပြီဖြစ်ကြောင်း၊ သန်လျှင်သဘာဝတရားရိပ်သာကဲ့သို့ ဖြစ်ပေါ်လာမည်ဖြစ်ပေါ်လာရန် လိုအပ်သည့် အခြေခံအဆောက်အဦများအား နောက်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး သာသနာ၏ အရိပ်အာဝါသအောက်တွင် အေးချမ်းစွာခိုလုံနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

“သန်လျှင်လို တရားရိပ်သာကြီးဖြစ်လာမယ်ဆိုတော့ ကောင်းတာပေါ့၊ မြို့အတွက်ကော လူတွေအတွက်ကော တကယ်လိုအပ်တဲ့နေရာဖြစ်မှာဘဲ”ဟု တာချီလိတ်မြို့ခံတစ်ဦးမှပြောသည်။
သန်လျှင်သဘာဝတရားရိပ်သာတွင် မြေဧက(၆၀)ကျော်ရှိပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ရောဂါသည်ပေါင်းစုံခိုလုံရာနေရာဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဖြစ်ပေါ်လာရန် ဆန္ဒများရှိကြောင်း ဒေသခံများမှသိရသည်။

 Tachileik Online News ( www.tachileik.net  )