အာဆီယံမှ ပြည်နှင်ဒဏ်ပေးခံရသော ဂျာမန်နိုင်ငံသား သူတောင်းစား

အာဆီယံမှ ပြည်နှင်ဒဏ်ပေးခံရသော ဂျာမန်နိုင်ငံသား သူတောင်းစား
မတ် 10, 2015
By Tachileik News Agency

ဘန်ကောက်နှင့် ပတ္တရား လမ်းများပေါ်တွင် အရက်မူးပြီး ပိုက်ဆံ တောင်းစားနေသော အသက် (၃၀)နှစ်အရွယ် ဂျာမန်နိုင်ငံသား တစ်ဦးအား ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးပြီးနောက် အာဆီယံ အိမ်နီးချင်းဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှလဲ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးပြီးနောက် လူမှုကွန်ယက်ဖေ့ဘုတ်ပေါ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ လိစ်စီးတီးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပိုစ်(စ်)တင်ခဲ့ကာ လိ(စ်)စီးတီးမြို့၊ ဘားဆိုင်းမှ မိနမ်းကလေးဓါတ်ပုံများအားလည် ဖေ့ဘုတ်ပေါ်တွင် တင်ခဲ့ကြောင်သိရပြီး ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးမှ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းသည် ထိုင်းနိုင်ငံတွင် နေထိုင်နေစဉ်  ပတ်စပို့ခိုးခံခဲ့ရခြင်းဖြစ်ပြီး ခြေထောက်များလည်း ယောင်ယမ်းနေခြင်းကြောင့်ဟု အကြောင်းပြကာ လူအများထံမှ သနားစဖွယ် လိမ်လည်လှည့်ဖျားကာ တောင်းရမ်းခဲ့ခြင်းဖြစ်သည်။

ဂျာမန်နိုင်ငံ၊ ဖေါင်ဒေးရှင်းတစ်ခုမှ ၎င်းအား နိုင်ငံကူးလက်မှတ် အသစ်ရရှိရန် ဟိုတယ်တစ်ခုတွင် စောင်းဆိုင်းနေစေကာ ပြုလုပ်နေချိန်တွင် ဟိုတယ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ပတ္တရားလမ်းမများပေါ်တွင် လိုက်လံတောင်းရမ်းစားသောက်ကာ မူးယစ်နေခြင်းဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 Tachileik Online News ( www.tachileik.net  )